spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့မ ရဲကင်းတဲရှေ့ လက်ပစ်ဗုံးတစ်လုံးပစ်ပြီး ပေါက်ကွဲသော်လည်းထိခိုက်မှုမရှိ

    ရေးမြို့မ ရဲကင်းတဲရှေ့ လက်ပစ်ဗုံးတစ်လုံးပစ်ပြီး ပေါက်ကွဲသော်လည်းထိခိုက်မှုမရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၁)

    မွန်ပြည်နယ် ရေးမြို့မရဲစခန်း ကင်းစခန်းရှေ့၌ ယမန်နေ့ ညဦးပိုင်းအချိန်တွင် ဆိုင်ကယ်စီး လူ ၂ ယောက်မှ လက်ပစ်ဗုံးတစ်လုံးပစ်လိုက်ပြီး ပေါက်ကွဲသော်လည်း တစုံတရာထိခိုက်မှုမရှိကြောင်း သိရသည်။

    “လက်ပစ်ဗုံးက ရဲစခန်းတံခါးအရှေ့ လမ်းပေါ်မှာကျပြီး ပေါက်ကွဲတယ်၊ လက်ဗစ်ဗုံးလာပစ်တဲ့ ၂ ယောက်က ရုံးကြီးဘက်လမ်းကို ချက်ချင်းထွက်ပြေးသွားတယ်၊ ကင်းတဲမှာရှိတဲ့ ရဲကသေနတ် ၅ ချက်ပစ်တယ် မထိဘူး၊ ဗဟိုကင်းက ဆက်ပစ်တယ်၊ တိုက်ပွဲဖြစ်တာမရှိဘူး၊ ဘယ်သူဘာမှလည်း အထိအခိုက်မရှိပါဘူး” ဟု ရေးမြို့မစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

    စက်တင်ဘာ ၁၀ ရက် ၁၈၃၀ အချိန်ခန့်  သီရိခေမာရပ်ကွက် တနင်္သာလမ်းနုင့်  ရာဌာဓိရာဇ်လမ်းထောင့်ရှိ ရေးမြို့မရဲစခန်း ဝင်ပေါက်အား  ဆိုင်ကယ်စီးလာသူနှစ်ဦးမှ  လက်ပစ်ဗုံးဖြင့်ပစ်ခတ်ထွက်ပြေးသဖြင့်  ရဲမှပြန်လည်၍လက်နက်ငယ်များဖြင့် (၈) ချက်ခြောက်လှန်ပစ်ခတ်ခဲ့ပြီး ထိခိုက်မူမရှိကြောင်း၊ လက်ပစ်ဗုံးပစ်ခတ်မူကြောင့်  ရဲစန်းရှေ့ ရေမြောင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ပျက်စီးမူမရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

    အလားတူ ရေးမြို့ပေါ်မှ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက “ညနေ ၆ နာရီ ၃၅ မှာ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ပစ်တယ်၊ ထွက်ပြေးတယ်၊ ရဲက ပြန်ပစ်တယ်၊ ဒဏ်ရာရသူရှိမရှိ မသိရသေးဘူး၊ သတင်း ဆက်ပြီးစုံစမ်းနေတုန်းပဲ” ဟု ဆိုသည်။

    သို့ရာတွင် Ye Revolution and Information Network Facebook စာမျက်နှာမှ ရေးကာကွယ်ရေးအထူးတပ်ဖွဲ့က ရေးမြို့မရဲစခန်း ကင်းတဲအား ယနေ့ညနေ ၆ နာရီခွဲခန့်အချိန်တွင် လျှပ်တစ်ပြတ် ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ရေး ကာကွယ်ရေးအထူးအဖွဲ့ YSTF တို့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။ ရေး ကာကွယ်ရေးအထူးအဖွဲ့ YSTF မှာအန္တရာယ်ကင်းစွာ ခွာစစ်ဖြင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု ရေးသားဖော်ပြခဲ့သည်။

    အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့၊ ကရင်စုရပ်ကွက်ရှိ MyTel ဆက်သွယ်ရေးတာဝါတိုင်ကိုလည်း PDF ဟု ယူဆရသည့်အဖွဲ့က စက်တင်ဘာ ၁၀ ရက် ည ၆ နာရီခွဲအချိန်ခန့်တွင် ဖောက်ခွဲခဲ့ကြောင်း သတင်းရရှိသည်။

    စက်တင်ဘာလ ၄ ရက်နေ့မှ တစ်ပတ်တာကာလအတွင်း နိုင်ငံအနှံ့ ဖောက်ခွဲဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၃ ခုအထိရှိခဲ့ပြီး မြန်မာစစ်တပ်ပိုင် Mytel ဆက်သွယ်ရေးသီးသန့် တာဝါတိုင် ၃၆ ခုပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks