spot_img
Friday, January 24, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးအကြမ်းဖက်မှုများနှင့်ဆက်စပ်၍ တိုက်ခန်း၊ နေအိမ်ငှားရမ်းခြင်းများ စစ်ဆေးတွေ့ရှိရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟုဆို

    အကြမ်းဖက်မှုများနှင့်ဆက်စပ်၍ တိုက်ခန်း၊ နေအိမ်ငှားရမ်းခြင်းများ စစ်ဆေးတွေ့ရှိရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၀)

    အကြမ်းဖက်မှုဖြစ်စဥ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားမျာကို ခိုလှုံခွင့် (သို့မဟုတ်) ယာယီခိုလှုံခွင့်ပေးထားသည့် အဆောက်အဦများနှင့် စပ်လျဥ်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်သည့် အမှုများနှင့်ဆက်စပ်၍ တိုက်ခန်း၊ နေအိမ်ငှားရမ်းခြင်းများ စစ်ဆေးတွေ့ရှိရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

    အိမ်ရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းမည်ဆိုပါက ငှားရမ်းနေထိုင်သူများနှင့် အိမ်ရှင်များ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဧည့်စာရင်းတိုင်ကြားရန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းသည်။

    အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က “နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက နေအိမ်၊ တိုက် ခန်းများ ငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိပါက ငှားရမ်းသည့် ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူခံရမည်” ဟု ဆိုသည်။

    ထိုထုတ်ပြန်ချက်ထဲတွင် CRPH အပါအ၀င် NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများက အဖျက်အမှောက် လုပ်ရပ်များ လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းသုံးစွဲခဲ့ကြကြောင်း ရေးသားထားသည်။

    ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ပတ်ရထားသည် အလုံဘူတာနှင့် ပန်းလှိုင်ဘူတာအကြား အဆိုပါရထားပေါ်တွင် လုံခြုံရေးလိုက်ပါလာသော တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုတွင် ယင်းတရားခံများကို စိစစ်ဖော်ထုတ်ချက်အရ ရန်ကုန်မြို့တွင်းရှိ နေအိမ်၊ တိုက်ခန်းများအား ကာလတို ငှားရမ်းပြီး ဖြန့်ခွဲနေထိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့ကြောင့် အိမ်ရှင်များအနေဖြင့် ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံ စွာဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ သတ်မှတ်ချက်များနှင့်အညီ ဧည့်စာရင်းတိုင်ကြားရန်နှင့် မိမိငှားရမ်း ထားသူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အချိန်မှီ သတင်းပို့ အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

     မတရားအသင်းဖြစ်ကြေညာခံထားရသည့် CRPH ၊ ယင်းက ဖွဲ့စည်းထားသော NUG ၊ ယင်းက ဖွဲ့စည်းသည့်  PDF နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့စည်းများအဖြစ် သတ်မှတ်ကြေညာကြောင်း မြဝတီ ရုပ်သံက ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts