spot_img
Sunday, May 19, 2024
More
    spot_img
    HomeCovid 19မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၆)

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးနှံနေတာနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟို ကိုဗစ် ၁၉ ကာကွယ်ရေးကော်မတီ ဥက္ကဌ နိုင်ဗညားလယ် (ဗဟိုအလုပ်အမှုဆောင်ဝင်- NMSP) ကို မွန်သတင်းအေဂျင်စီက မွန်ဘာသာနဲ့တွေ့ဆုံမေးမြန်းခဲ့ပြီး မြန်မာသို့ အနီးစပ်ဆုံး ပြန်ဆိုထားပါတယ်။

    မေး-ကိုဗစ် ၁၉ ကာကွယ်ဆေးတွေထိုးဖို့ မွန်ပြည်သစ်ပါတီ ဘယ်လိုစီစဉ်ဆောင်ရွက်နေပါသလဲ။

    ဖြေ-ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးနဲ့ပတ်သက်လာရင် ဘယ်နေရာက အကူအညီမျိုးကိုမဆို လက်ခံသွားမယ်ဆိုတဲ့မူ ကျနော်တို့မွန်ပြည်သစ်မှာ ချမှတ်ထားတာရှိပါတယ်။ ပြည်တွင်းကဖြစ်စေ ပြည်ပကဖြစ်စေ ကာကွယ်ဆေးရယူနိုင်ဖို့ ကျနော်တို့ချဉ်းကပ်ထားပါတယ်။ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေရရှိနိုင်ဖို့နဲ့ အခုလိုအချိန်ကာလမှာ ကိုဗစ်ရောဂါကို ချက်ချင်းပျောက်ကင်းနိုင်အောင် ကုသပေးနိုင်တဲ့ဆေးဝါးလည်း မပေါ်သေးဘူးဆိုတော့ အဓိက ကာကွယ်ဆေးရဖို့ကို စီစဉ်ဆောင်ရွက်နေရပါတယ်၊ ကျနော်တို့ ပါတီဝင်တွေ ဌာနအသီးသီးက ဝန်ထမ်းတွေ အသင်းအဖွဲ့တွေ မှီခိုသူပါတီမိသားစုဝင်တွေနဲ့ ဒေသခံပြည်သူအားလုံး ကာကွယ်ဆေးထိုးနိုင်ဖို့ ပြည်တွင်းဘက်ကရော ပြည်ပကပါ ကျနော်တို့ကြိုးပမ်းနေပါတယ်၊ လတ်တလောမှာတော့ အစိုးရကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီးတော့ ကာကွယ်ဆေးအလုံး ၅ ထောင် ထိုးပေးဖို့ သဘောတူညီချက်ရထားပါတယ်၊ ပြီးခဲ့တဲ့လမှာပဲ ဝယ်ဇင်နဲ့ ဂနီရွာဘက်မှာ ပထမတကြိမ် ကာကွယ်ဆေးထိုးခဲ့ပြီးပါပြီ။ ရှေ့မှာဆိုရင် ဗဟိုဌာနချုပ်အနီး ပနန်းပုံနဲ့ ညီစားစခန်းမှာထိုးဖို့၊ ခုဆိုရင် သထုံခရိုင်(ကောံကရိတ်မြို့နယ်) မော်လမြိုင်ခရိုင် (တောင်ပေါက် ၂၄ ရွာဒေသ ကြာအင်းဆိပ်ကြီးမြို့နယ်) နဲ့ ဂျပန်ရေတွင်းတို့မှာ ကာကွယ်ဆေးထိုးဖို့ စာရင်းပြုစုနေပါပြီ။

    မေး-ပြည်သူလူထုအကြားမှာ ကာကွယ်ဆေးထိုးရကောင်းမှန်း မသိကြဘူးလို့ ဆိုကြပါတယ်၊  အဲဒီလိုအနေအထားမှာ ဘယ်လိုတိုက်တွန်းပြောဆိုချင်ပါသလဲ။

    ဖြေ-လက်တွေ့အားဖြင့် ဝယ်ဇင်နဲ့ ဂနီတို့မှာ ကျနော်တို့ ကြုံခဲ့ရပြီးပြီ၊ ဝယ်ဇင်မှာဆိုရင် ကာကွယ်ဆေးအလုံး ၅၀၀ ယူလာပြီး ကျနော်တို့ရဲဘော်တွေရယ် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရှိသမျှလူတွေ ဒေသခံပြည်သူတွေကို ကာကွယ်ဆေးအလုံအလောက်ရထားတယ် အားလုံးလာရောက်ထိုးနှံကြဖို့ နှိုုးဆော်လိုက်တယ်၊ ဒါပေမယ့် လူတော်တော်များ လာမထိုးရဲကြဘူး၊ ဂနီရွာဘက်မှာလည်း အဲဒီလိုပါပဲ ဝယ်ဇင်မှာ ဆေးအလုံး ၅၀၀ က ၂၀၀ လောက်ပဲကုန်တယ်၊ ဂနီအတွက် အလုံး ၄၀၀ က ၁၀၀ ကျော်ကျော်လေးပဲ ထိုးဖြစ်တယ်၊ ကာကွယ်ဆေးထိုးတာ အသက်အန္တရယ်ရှိနိုင်တယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်က ကောလဟာလတွေကို လူတော်တော်များများက ယုံကြည်နေကြတယ်၊ အဲဒီကောလဟာလတွေကြောင့် ကာကွယ်ဆေး လာမထိုးရဲကြဘူး၊ ရောဂါပိုးနဲ့ကူးစက်မှုတွေက ဆက်ရှိနေဦးမှာပါ ကာကွယ်ဆေးထိုးထားပြီးရင် ရောဂါပိုးကူးစက်ခံရတဲ့အခါမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမရှိနိုင်ပါဘူး၊  ရောဂါ ခံနိုင်ရည်ကောင်းတဲ့အတွက် ကာကွယ်ဆေးလုံးဝမထိုးတဲ့လူတွေထက် ရောဂါဝေဒနာသက်သာတယ် ဆိုတာကို ကမ္ဘာ့ကျန်းမာရေးဌာန WHO ရော ကျန်းမာရေးဌာအသီးသီးက လက်ခံထားတာပါ။

    ကျနော်တို့ပါတီအနေနဲ့ ပြည်သူလူထုအတွက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းနှိုးဆော်ထားတာသလို ပညာပေးစာရွက်တွေလည်း ဖြန့်ဝေပေးပါတယ်၊ ဒီလောက်တောင် စာတွေထုတ်ပြန်ထားတာကိုလည်း ကျနော်တို့ ပါတီဝင်ရဲဘော်တွေနဲ့ မှီခိုသူမိသားစုဝင်တွေ လာမထိုးကြဘူး ဒါကြောင့် အခုဆိုရင် ပါတီအနေနဲ့ ပြန်လည်သုံးသပ်ပြီးတော့ အမိန့်အနေနဲ့ ထုတ်ပြန်လိုက်တယ်၊ ပါတီဝင်ရဲဘော်တိုင်း မဖြစ်မနေကာကွယ်ဆေးထိုးရမယ်ဆိုပြီး အမိန့်ထုတ်တယ်၊ လူထုတွေကိုတော့ အမိန့်အနေနဲ့ထုတ်ပြန်မသင့်လို့ နှိုးဆော်တာပဲ ရှိပါတယ်။ ကျနော်တို့ပြောချင်တာက ဘယ်အဖွဲ့အစည်းကလာသည်ဖြစ်စေ ကာကွယ်ဆေးတွေဟာ မိမိတို့အသက်အန္တရာယ်ကို အကာအကွယ်ပေးတာဖြစ်တဲ့အတွက် သံသယတွေကင်းစွာနဲ့ ဆေးထိုးကြဖို့ တိုက်တွန်းလိုပါတယ်၊ ကျနော်ပြောဆိုခဲ့တဲ့အတိုင်းပါပဲ ကျနော်တို့ပါတီ ထိန်းချုပ်နယ်မြေထဲမှာရှိကြတဲ့ ပြည်သူလူထုတွေ ကျနော်တို့ပါတီဝင်ရဲဘော်အားလုံး ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် ကျနော်တို့ပါတီ ကျနော်တို့ကော်မတီအနေနဲ့ ပြည်တွင်းဘက်မှာရော ပြည်ပဘက်မှာပါ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဆောင်ရွက်နေဆဲပါ။

    မေး-အခုဆိုရင် စတုတ္တလှိုင်းလာမှာတို့ အင်တန်ပဲကြောက်စရာကောင်းတဲ့ ကိုဗစ်မျိုးဗီဇကွဲအသစ်တွေ ထပ်မံပေါ်ပေါက်နေတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးအကြံပြုလိုပါသလဲ။

    ဖြေ-ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရော အစိုးရကျန်မာရေးဝန်းကြီးဌာနပါ အခုကိုဗစ်တတိယလှိုင်းမှာ မျိုးဗီဇကွဲအသစ်တွေ လူနာ ၁၅ ဦးမှာ တွေ့ခဲ့တယ်လို့ဆိုတယ်၊ အဲဒီ ၁၅ ဦးထဲမှာ မော်လမြိုင်က တစ်ယောက်ပါတယ်လို့ သိရတယ်၊ မော်လမြိုင်ကိုရောက်နေပြီဆိုကတည်းက အပြင်မှာဘယ်လောက်များပြန့်နှံ့နေမှန်း မသိနိုင်သလို ကျနော်တို့ မွန်ပြည်သစ်ပါတီဧရိယာထဲကို မရောက်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး၊ ဘယ်လိုပဲဆိုဆို လက်ရှိတတိယလှိုုင်းကိုလည်း ကြံ့ကြံ့ခံနိုင်ဖို့နဲ့ အဲဒီနောက်ဆက်တွဲလိုက်လာမယ့် ရောဂါအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ဖို့က WHO ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေ အစိုးရကျန်းမာရေးဌာနနဲ့ ကျနော်တို့ ကိုဗစ်ကာကွယ်ရေးကော်မတီ (ဗဟို-NMSP) ကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါ၊ နာမကျန်းဖြစ်လာခဲ့မယ်ဆိုရင် နီးစပ်ရာဆေးရုံကိုလာရောက်ကြဖို့ တိုက်တွန်းနိုးဆော်လိုပါတယ်။

    နောက်တစ်ချက် ကိုဗစ်ရောဂါကာကွယ်ရေးမှာ မွန်ပြည်သစ်ပါတီနဲ့ မွန်ပြည်သစ်က ဆေးဆရာတွေနဲ့ပဲ လုံလောက်မှာတော့ မဟုတ်ပါဘူး။ သံဃာတော်များ အရပ်ဖက်မွန်အဖွဲ့အစည်းများနဲ့ ပြည်သူတွေ တာဝန်ကနေအနားယူပြီးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့  MMA ဆေးကုသရေးအဖွဲ့တို့ကို အဓိကတိုက်တွန်းချင်တာက ကျနော်တို့မွန်ပြည်သစ်ပါတီနဲ့ လက်တွဲဆောင်ရွက်စေချင်ပါတယ်၊ ကျနော်တို့မှာ ကျန်းမားရေးဝန်ထမ်းတွေ လုံလောက်မှုမရှိတော့ပါဘူး၊ အထူးသဖြင့် ပါတီအနားယူသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ MMA ဆေးကုသရေးအဖွဲ့ဝင်တွေ တော်တော်များများရှိနေပါတယ်၊ ကျနော်တို့နဲ့ အတူတကွလက်တွဲပြီး ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါလို့ တိုက်တွန်းလိုပါတယ်။  

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts