spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး(၂) နှစ် အချိန်ယူပြီး ရွေးကောက်ပွဲသစ် ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပြု

    (၂) နှစ် အချိန်ယူပြီး ရွေးကောက်ပွဲသစ် ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပြု

    -

    ‌မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၂)

    မြန်မာနိုင်ငံတွင် အရေးပေါ်ကာလဖြစ်ပေါ်နေသည့်အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လထိ (၂) နှစ်အချိန်ယူကာ ရွေးကောက်ပွဲသစ်ကို ပြန်လည်ကျင်းပပေးမည်ဟု ကတိပြုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

    ဩဂုတ် ၁ ရက် မနက်က နိုင်ငံပိုင် ရုပ်သံလိုင်းများ၊  မြန်မာ့အသံရေဒီယိုနှင့်  FM က  ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ   ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ အခုလုပ်ငန်းစဉ်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရရှိသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး၊ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် ကျနော်တို့ဟာ လွတ်လပ်တရားမျှတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်၊ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုတာ ကတိပြုပါတယ်”ဟု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောကြားသည်။

    သို့ရာတွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမတိုင်ခင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အကောင်အထည်ဖော်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲကို မည်သည့်အချိန် ကျင်းပမည်ကို အတိအလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    ရွေးကောက်ပွဲအသစ်အတွက် မဲပေးနိုင်ဖို့ အသက် ၁၈ ပြည့် မဲဆန္ဒရှင်များကို မှတ်ပုံတင်လုပ်ပေးရန် ၁၈ လကြာမြင့်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တာဝန်ယူထားသည့် ၁ နှစ်အတွင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြီးပြတ်အောင် မဆောင်ရွက်နိုင်ပါက ၆ လ နှစ်ကြိမ် သက်တမ်းတိုးနိုင်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆လ အချိန်ယူကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့သည်။

    အဆိုပါပြောဆိုချက်များသည် နစကကောင်စီ၏ အာဏာသိမ်းသက်တမ်း ရှည်သထက်ရှည်ကြာစေရန် ကြိုးစားနေခြင်းဖြစ်ပြီး ၄င်းပြောဆိုချက်များအပေါ် အယုံအကြည်မရှိကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။

    ပြည်သူ့ပါတီ PPP ဥက္ကဋ္ဌ ဦးကိုကိုကြီးက ” ဒါပေမဲ့ ပြည်သူတွေရဲ့အမြင်မှာက စစ်တပ်က ရွေးကောက်ပွဲတွေ လုပ်ပေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲရော၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ရော ဖျက်သိမ်း ခံရတယ်ပေါ့။ အကောင်အထည် မပေါ်ဘူးဆိုတဲ့ အချိန်မှာ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ ကိုယ်စားလှယ်တွေကို အာဏာလွှဲမယ်ဆိုတဲ့ ကတိလောက်နဲ့တော့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရမှာမဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်”ဟု VOA မြန်မာပိုင်းကို ပြောသည်။

    ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း နစကကောင်စီအသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ဇူလိုင် ၂၆ ရက်တွင် ကြေငြာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks