HomeCovid 19MUP ဗမာတိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးအောင်စိုး အသက် (၆၅) နှစ်ကွယ်လွန်

MUP ဗမာတိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးအောင်စိုး အသက် (၆၅) နှစ်ကွယ်လွန်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁-ဇူလိုင် ၂၇)

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ(MUP)၏ ဗမာတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်စိုးသည် ယနေ့ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

MUP ပြောခွင့်ရပုဂ္ဂိုလ် နိုင်စံတင်က ”ဟုတ်ပါတယ်။ ဒီနေ့ပဲ ဆုံးသွားပါတယ်” ဟု ပြောသည်။

ဦးအောင်စိုး ကွယ်လွန်သည့်အတွက် မိသားစု၊ မိတ်ဆွေသင်္ဂဟများနှင့်ထပ်တူ ဝမ်းနည်းမိပါသည်ဟု မွန်ညီညွတ်ပါတီက သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။

ဦးအောင်စိုးသည် ကွယ်လွန်ချိန်တွင် အသက် (၆၅) နှစ်ရှိပြီ ဖြစ်ကာ ၎င်းနေထိုင်ရာ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts