spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19အောက်စီဂျင်လုံလောက်အောင် ဆောင်ရွက်ပေးမည်ဟု မွန်ပြည်နယ်ကျန်းမားရေးဦးစီးမှူးပြော

    အောက်စီဂျင်လုံလောက်အောင် ဆောင်ရွက်ပေးမည်ဟု မွန်ပြည်နယ်ကျန်းမားရေးဦးစီးမှူးပြော

    -

    မွန်သတင်းအေဂျင်စီ( ၂၀၂၁ ဇူလိုင် ၂၁)

    မွန်ပြည်နယ် ဆယ်မြိုနယ်အတွင်း လိုအပ်နေသည့် အောက်စီဂျင် လုံလောက်အောင်ရရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

    “အောက်စီဂျင်တွေ မကြာခင် ပြည့်စုံတော့မှာပါ။ အားလုံးကို ပြည့်စုံအောင် ဆရာတို့ ကြိုးစားပေးပါ့မယ်။ ဒါပေမယ့် ပြည်သူလူထုကတော့ မလိုအပ်ဘဲနဲ့ အောက်စီဂျင်အိုးတွေကို အိမ်မှာဆောင်ထားတာ မီးရေးထင်းရေးလည်း အန္တရာယ်ရှိပါတယ်။ ‌အောက်စီဂျင် ပေးတဲ့စက်တွေ  ဆရာတို့ ဝယ်နိုင်အောင်လည်း ဆရာတို့ကြိုးစားနေပါတယ် ချိတ်ဆက်နေပါတယ်။ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာနန္ဒဝင်းက မွန်သတင်းအေဂျင်စီအင်ဗျူးတရပ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ကိုဗစ်ပထမလှိုင်း နှင့် ဒုတိယလှိုင်း၏ အခြေအနေပေါ်မူတည်ပြီး အောက်စီဂျင် လိုအပ်ပြည့်မီအောင် ပြင်ဆင်ခဲ့သော်လည်း တတိယလှိုင်းကိုဗစ်၏ လက္ခဏာက ပိုမိုပြင်းထန်ခဲ့ကြောင်း၊ လက်ရှိမွန်ပြည်နယ်အတွင်း အတည်ပြုလူနာ ၁၀၀ ဦး တွင် ၄၀ ဦးသည် အောက်စီဂျင် မဖြစ်မနေ လိုအပ်နေသော အခြေအနေဖြစ်နေသည်။


    သို့ရာတွင် အောက်စီဂျင်မလိုအပ်ဘဲ ဝယ်ထားခြင်း၊ အောက်စီဂျင် တိုင်းတာခြင်း မရှိဘဲ အနည်းငယ်မောပမ်းသည်ဆိုသည်နှင့် အောက်စီဂျင် ရှုနေသည့်လူများလည်း ရှိနေသောကြောင့် အောက်စီဂျင် လိုအပ်ချက် မြင့်မားနေခြင်းဖြစ်ကြောင်း ၄င်းကယူဆသည်။

    မော်လမြိုင်မြို့ခံ တစ်ဦးက “အဖေက နှလုံးမှာ စက်တပ်ထားရတာ။ အခုအောက်စီဂျင် ရှုနေတဲ့အခြေအနေပေါ့။ အဲဒါ အောက်စီဂျင် တစ်ဗူးရဖို့ မေယ်လမြိုင်မှာရှာတာ ဘယ်လိုမှ မရဘူး။ ဖြည့်လို့မရဘုး။ အဲတော့ သထုံထိ ဆင်းပြီး အောက်စီဂျင်ဖြည့်ဖို့ လုပ်တယ်။ ဒါပေမယ့် မရခဲ့ဘူး။ ခက်ခဲတာတော့ တော်တော်ခက်ခက်ခဲခဲပဲ”ဟု ပြောသည်။

    ယင်းသို့ အောက်စီဂျင် လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အဖွဲ့အစည်း၊ ဌာနဆိုင်ရာ၊ အလှူရှင်များနှင့် ပူးပေါင်းကာ အောက်စီဂျင် ရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း၊ မွန်ပြည်နယ် ဆယ်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် အောက်စီဂျင် စက်ရုံ တည်ဆောက်နိုင်ရန် ကူညီဆောင်ရွက်‌ပေးမည်ဖြစ်ကြောင်း သိရသော်လည်း မည်သည့်ကာလတွင် အကောင်အထည်ပေါ်လာမည်ကို ပြောဆိုခြင်းမရှိခဲ့ပေ။

    ထို့အတူ မွန်ပြည်နယ်အတွင်း မြိုနယ်တိုင်းတွင် အောက်စီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း၊ သာသနာနွယ်ဖောင်ဒေးရှင်းက စေတနာရှင်၊ အလှူရှင်များ၏ မတည်ငွေဖြင့် မော်လမြိုင်မြို့တွင် အောက်စီဂျင် စက်ရုံကို ၄၅ ရက်ဖြင့် အပြီးတည်ဆောက်ရန်စီစဥ်လျက်ရှိပြီး သံဖြူဇရပ်မြို့ခံများကလည်း မိမိတို့အစီအစဥ်ဖြင့် အောက်စီဂျင်စက်ရုံတည်ဆောက်ရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

    လက်ရှိတွင် ရေးမြို့နယ် ကုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံဝန်းအတွင်း အောက်ဆီဂျင်စက်ရုံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအတွက် နေ့စဉ်အောက်ဆီဂျင်များကို လုံလောက်စွာထုတ်ပေးလျက်ရှိကြောင်း၊ယခုအခါ နေ့စဉ် 40Liter ဆံ့အောက်ဆီဂျင်အိုးကို ပျမ်းမျှ တစ်ရက်လျှင် ၃၀ အိုးမှ ၃၅ အိုးအထိ ဖြည့်ဆည်းပေး လျက်ရှိကြောင်း သိရသည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks