Homeငြိမ်းချမ်းရေးကျိုက်ထိုမြို့ စရဖရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကျိုက်ထိုမြို့ စရဖရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (ကျိုက်ထို၊ ၈ ဇူလိုင်-၂၀၂၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖရုံးအနီးတွင် ယနေ့ (ဇူလိုင် ၈ ရက်) ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန် ၁ လမ်းရှိ စရဖရုံးအနောက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်ဆီးမှုနှင့် ဒဏ်ရာရရှိမှု ရှိမရှိကို မွန်သတင်းအေဂျင်စီက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကျိုက်ထိုမြို့ဒေသခံတစ်ဦးက “ဖြစ်တာက စရဖရုံးမှာပါ၊ ဒီကလူတွေပြောဆိုနေကြတာတော့ ရထားလမ်းအနောက်ကနေ ရုံးအနောက်ဖက်ကိုလက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ကြားတယ်။ ထိခိုက်မှုတွေတော့ မသိရသေးဘူး၊ ကျိုက်ထိုမြို့မှာက ၄ ရက်ခြားတစ်ခါလောက်ကို ဗုံးပေါက်တာတွေ ကြားနေရတာပဲ။ ဟိုတစ်နေ့ကလည်း ကြံခိုင်ရေးပါတီဝင် တစ်ဦးအိမ်မှာ ဗုံးပေါက်သေးတယ်”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ယင်းသို့ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါနေရာအနီးတဝိုက်ကို စစ်တပ်နဲ့ရဲက လုံခြုံရေးတင်းကြပ်ထားပြီး မြို့တွင်းညနေဈေး ဈေးရောင်းချသူများကလည်း ဈေးဆိုင်များပိတ်လိုက်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၁၀ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ရာ ပြီးခဲ့တဲ့ ဇွန်လ  ၂၇ ရက်နေ့ကလည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ နေအိမ်ဘေးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts