Homeသတင်းထိုင်းရောက်မြန်မာများ PV ပတ်စပို့စ်စာအုပ်ကိစ္စ အပြောင်းအလဲလုပ်လိုပါက ကြိုတင်လျှောက်ထားရမည်

ထိုင်းရောက်မြန်မာများ PV ပတ်စပို့စ်စာအုပ်ကိစ္စ အပြောင်းအလဲလုပ်လိုပါက ကြိုတင်လျှောက်ထားရမည်

-

ထိုင်းနိုင်ငံတွင် နေထိုင်ပြီး PV  ပတ်စပို့စ်စာအုပ် အမျိုးအစား ကိုင်ဆောင်ထားသူ  မြန်မာနိုင်ငံသားများအနေဖြင့် စာအုပ်အသစ်လဲခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်စပို့စ်အမျိုးအစား ပြောင်းလဲလိုသူများ မြန်မာသံရုံးတွင် ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်း စာရွက်စာတမ်းကိစ္စအကျိုးဆောင်နေသူများမှ သိရသည်။

ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့မှစ၍  စာအုပ်အသစ်လဲရန်၊ သက်တမ်းတိုးရန် သံရုံးရှေ့ ရောက်ရှိလာသူများကို  လျှောက်လွှာစာတင်ခိုင်းကာ ခွင့်ပြုချက်ရရှိမှသာ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု သံရုံးတာဝန်ရှိသူများက ဆိုသည်။

နေပြည်တော်ဘက်မှ စိစစ်ခွင့်ပြုချက်ရရှိမှသာ PV ပတ်စပို့စ်စာအုပ်ကိစ္စ အပြောင်းအလဲများ လုပ်ဆောင်ပေးတော့မည်ဖြစ်သဖြင့်  ကြိုတင်လျှောက်ထားရမည့် မူဝါဒအသစ်များ ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း ဘန်ကောက်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဆိုသည်။

“ဘာကြောင့် ဒီလိုဖြစ်လာတာလဲဆိုတာတော့ သေချာမသိသေးဘူး။ ဒါပေမဲ့ အခြေအနေကိုတော့ စောင့်ကြည့်နေပါတယ်။ ဒီအတိုင်း တကယ်ဖြစ်လာရင် ဒီဘက်မှာ နေထိုင်နေတဲ့သူတွေအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်။ ” ဟု ပတ်စ်ပို့အကျိုးဆောင်တစ်ဦးက ပြောသည်။

လက်ရှိ ပြောင်းလဲလိုက်သည့် လုပ်ငန်းစဉ်အရ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် စာအုပ်ကိစ္စ တစ်စုံတစ်ရာအပြောင်းအလဲ လုပ်ဆောင်လိုပါက သက်ဆိုင်ရာ ဖောင်များကို ကိုယ်တိုင်ဖြည့်စွက်ပြီးနေပြည်တော်မှ စိစစ်ခွင့်ပြုချက် ရယူရမည်။

နေပြည်တော်မှ ခွင့်ပြုကြောင်း အကြောင်းပြန်စာ ရရှိမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် စာအုပ်အသစ်လဲလှယ်ခြင်းကို ဆက်လက်လုပ်ဆောင်ပေးမည်ဟု သံရုံးမှ အသိပေး ပြောဆိုထားသည်။

PV ပတ်စ်ပို့ကိုင်ဆောင်ထားသူများအတွက် သံရုံးကိစ္စဆောင်ရွက်ရာတွင် အချိန်ပိုကြာမြင့်နိုင်ပြီး အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်းလည်း ပတ်စ်ပို့အကျိုးဆောင်များက ဆိုသည်။

သို့သော် PJ အမျိုးအစား ပတ်စ်ပို့ကိုင်ဆောင်ထားသူများအတွက် PJ အမျိုးအစားအတိုင်း၊ PE အမျိုးအစား ပတ်စ်ပို့ကိုင်ဆောင်ထားသူများသည် PE အမျိုးအစားအတိုင်း စာအုပ်အသစ်လဲလှယ်ခွင့် ရှိနေဆဲဖြစ်သည်။

ယခု PV ပတ်စ်ပို့ စာအုပ်အသစ်လဲလှယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်၍ ဘန်ကောက်မြို့ မြန်မာနိုင်ငံသံရုံးမှ တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေးသဖြင့် PV ကိုင်ဆောင်ထားသူများက ဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်။

၎င်းအပြင် ကြိုတင်အသိပေးခြင်းမရှိ လုပ်ငန်းစဉ်များ ပြောင်းလဲလိုက်သည့်အပေါ် ထိုင်းရောက်မြန်မာများ ဝေဖန်ပြောဆိုလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts