Home ငြိမ်းချမ်းရေး ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး ထောင်ဒဏ် ၂ နှစ် ၄ လအမိန့်ချမှတ်ခံရ

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး ထောင်ဒဏ် ၂ နှစ် ၄ လအမိန့်ချမှတ်ခံရ

မွန်သတင်းအေဂျင်စီ (၂၄ ဇွန် ၂၀၂၁)

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအား ဇွန်လ ၂၃ ရက်နေ့က ထားဝယ်အကျဉ်းထောင် အထူးတရားရုံး၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု  ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပြင် လိုင်စင်မဲ့ကားအသုံးပြုသည့်အတွက် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ အမျိန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

အဆိုပါ ထောင်ဒဏ်အမိန့်ချခံရသည့်အပေါ်  မိသားစုမှ ကိုကျော်ထွေး၏ ရှေ့နေဖြစ်သူနှင့် တိုင်ပင်ပြီး အယူခံဝင်၊ မဝင် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ကိုကျော်ထွေးနှင့် မိသာစုဝင်များ တွေ့ခွင့်မရသေးကြောင်း ၄င်းကဆိုသည်။

အဆိုပါ အမှုထဲတွင် ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် လိုင်စင်မဲ့ကားမောင်းနှင်အသုံးပြုသည့်အတွက် ထောင်ဒဏ် ၄ လ အမိန့်ချခံရကြောင်း သိရသည်။

ကိုကျော်ထွေးသည် မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့၊ ဝဲကျွန်း (၄) လမ်းထိပ်ရှိ ကားဝပ်​ရှော့ခ်​တွင် ကားပြုပြင်​နေစဉ်​ အရပ်​ဝတ်​နှင့် စစ်​သား၊ ရဲများ ရုတ်​တရက်​ရောက်​ရှိလာပြီး ထိုးကြိတ်​ကာ ဖမ်းဆီး​ခေါ်​ဆောင်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံထားရသည့် ဆန္ဒပြလှုပ်ရှားမှုသပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော် ကိုလည်း ဇွန်လ ၂၁  ရက်နေ့က ထောင်ဒဏ် ၄ နှစ်အမိန့်ချခံထားရသည်။

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး (Facebook)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.