Homeငြိမ်းချမ်းရေးကယားပြည်နယ်အတွင်း စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦးရှိ

ကယားပြည်နယ်အတွင်း စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦးရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၄)

ကယားပြည်နယ်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၄ ရက်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦးရှိသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF မှ ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကယားပြည်နယ် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ လတ်တလောအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရဆဲသည်။

လက်ရှိတိုက်ပွဲရှောင်ပြည်သူများသည် ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တွေအပြင် ဆီဆိုင်နှင့် ဖယ်ခုံမြို့နယ်များတွင် အများအားဖြင့်ယာယီနေထိုင်နေပြီး ကယားပြည်နယ် လူဦးရေ၏ လေးပုံတစ်ပုံခန့် စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား ဆက်လက်ဖြစ်ပွားနေသည့်တိုက်ပွဲတွေကြောင့် ကယားပြည်နယ်အတွင်း  အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူ ၈၅,၀၀၀ မှ ၁၀၀,၀၀၀ ကြား ရှိနေပြီး  လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများကို ဦးတည်တိုက်ခိုက်မှုများ တိုက်ပွဲပြင်းထန်နေသည်ဟု United Nations OCHA Myanmar မှ မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts