Homeငြိမ်းချမ်းရေးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံလွင်တံတား(ချောင်းဆုံ) တက်ရောက်ဖွင့်လှစ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံလွင်တံတား(ချောင်းဆုံ) တက်ရောက်ဖွင့်လှစ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၁)

နစကစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံလွင်တံတား(ချောင်းဆုံ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ယနေနံနက် ၈ နာရီ ၄၅ အချိန်တွင် စက်ခလုတ်နှိပ်ဖွင့်လှစ်လိုက်ကြောင်း တွေ့ရှိရသည်။  

နေပြည်တော်မှ နစကကောင်စီအဖွဲ့ဝင်များ၊ နစကကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး၊ မွန်ပြည်နယ် ပစကကောင်စီအဖွဲ့ဝင်များ၊ စစ်ဘက်အရပ်ဘက်ဌာနဆိုင်ရာဝန်ထမ်းများ၊ မွန်ညီညွတ်ရေးပါတီဝင်များ၊ ပြည်နယ်တဝန်းရှိ ရပ်ကျေးစီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ခဲ့ကြသည်။  

ယနေ့နံနက် ၈ နာရီခွဲအချိန် အခမ်းအနားမစတင်မီတွင် ဧည့်သည်တော်များဝင်ရောက်နေရာယူခြင်း၊ အခမ်းအနားအစီအစဉ်ကြေညာခြင်း၊ ဧည့်သည်တော်များမှ ဆိုင်းဘုတ်ဖွင့်လှစ်သည့်နေရာယူခြင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မိန့်ခွန်းပြောကြားခြင်း၊ စက်ခလုတ်နှိပ်၍ တံတားဆိုင်းဘုတ်ဖွင့်လှစ်ပေးခြင်း၊ ကမ္ဗည်းကျောက်စာမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖြန်းခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခြင်း၊ တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးခြင်းဖြင့် နံနက် ၉ နာရီခွဲခန့်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။

ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က သံလွင်တံတား(ချောင်းဆုံ) စီမံကိန်းအမည်ဖြင့် စတင်တည်ဆောက်ခဲ့ခြင်းပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု တိတ်တဆိတ်နာမည်ပြောင်းလဲခဲ့သည်။

ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပြောင်းလဲခြင်းကို မွန်တိုင်းရင်းသားများသာမက ပြည်နယ်အတွင်းရှိ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသား အင်အားသောင်းနှင့်ချီပြီး ဆန္ဒပြကန့်ကွက်နေသည့်ကြားကပင် ထိုစဥ် NLD ကြီးစိုးသောလွှတ်တော်က မဲခွဲအတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၇ မေလ ၉ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ချုပ်များတက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းတံတားဖွင့်ပွဲ ကျင်းပခဲ့သည်မှစ၍ NLD ပါတီနှင့် မွန်ပါတီများအကြား ဆက်ဆံရေးပြေလည်ခဲ့ခြင်း မရှိတော့ပေ။

ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ဖြင့် သံလွင်တံတား(ချောင်းဆုံ) တံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိ နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတားအမျိုးအစား ဖြစ်သည်။ 

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်လှမောင်က ခရီးသွားလာရန်အလွန်ခက်ခဲသည့် မော်လမြိုင်-ဘီးလူးကျွန်း မြစ်ကူးတံတားတည်ဆောက်ပေးရေးအတွက် ၂၀၁၃ ခုနှစ်တွင် လွှတ်တော်သို့တင်သွင်းသည့်အဆိုအောင်မြင်ပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စတင်ပန္နက်ချတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts