spot_img
Tuesday, February 17, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမုဒုံမြို့နယ် အခြေခံပညာကျောင်းများတွင် ဒေသခံများ လုံခြုံရေးဆောင်ရွက်နေ

    မုဒုံမြို့နယ် အခြေခံပညာကျောင်းများတွင် ဒေသခံများ လုံခြုံရေးဆောင်ရွက်နေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၃၁)

    အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ မုဒုံမြို့နယ် အခြေခံပညာကျောင်းများတွင် လုံခြုံရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ဆောင်ရွက်နေရကြောင်း သိရသည်။

    “ကျွန်တော်တို့ရွာမှာ အထက်တန်းကျောင်းအုပ်က CDM မလုပ်ဘူး။ ပုံမှန်ကျောင်းအလုပ်ကိစ္စဆောင်ရွက်နေတော့ CDM သမားတွေက အမြင်မကြည်ဘူး။ သူတို့ (Target) ဖြစ်လာနိုင်လို့ နေ့ရော ညပါ လုံခြုံရေး စောင့်ကြည့်နေရတယ်။ ရွာထဲက မူလတန်းကျောင်းတွေကိုတော့ ညဘက်လှည့်ကင်းနဲ့ဘဲ ဆောင်ရွက်နေရတယ်” ဟု မုဒုံမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

    သက်ဆိုင်ရာကျေးရွာအုပ်စုများအလိုက် မီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦး ပြည့်မီအောင် ဆောင်ရွက်ထားရန်နှင့် အဆိုပါမီးသတ်တပ်ဖွဲ့ဝင်များ လုံခြုံရေးကိစ္စဆောင်ရွက်စေရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

    ယင်းကဲ့သို့လုံခြုံရေးစောင့်ကြပ်နေသည့်ကြားကပင် ပြီးခဲ့သည့်ညပိုင်းတွင် မုဒုံမြို့ စာစင်အလယ်ပိုင်း အစိုးရမူလတန်း ကျောင်းအုပ်ရုံးခန်းမီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။

    “ညဘက်တွေကျတော့ ကျေးရွာတွေမှာ ပြည်သူ့စစ်တွေ လုံခြုံရေးစောင့်တယ်။ နေ့ဘက်ကြတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကျောင်းအကျိုးတော်ဆောင်တွေ ကျောင်းတွေမှာ သွားပြီးစောင့်နေရတယ်” ဟု ကမာဝက်မြို့မှ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ဆိုပါတယ်။

    သို့ရာတွင် အိမ်ခြေနည်းပါးသည့်အချို့ကျေးရွာငယ်များ ကျောင်းလုံခြုံရေးအတွက် အိမ်ထောင်စုတိုင်း တစ်အိမ်တစ်ယောက်စနစ်ဖြင့် တစ်လ (၃) ကြိမ်အထိ အလှည့်ကျ ကင်းစောင့်ပေးရသည်ဟု သိရသည်။

    တစ်ဖက်တွင်လည်း ကျောင်းမတက်ရန် ဖိအားပေးနေပြီး ကျောင်းဖွင့်လျှင် လုံခြုံမှုအာမခံချက် မပေးနိုင်ကြောင်း ခြိမ်းခြောက်မှုလည်း ရှိနေသည်။

    “ကမ္ဘာမှာရှိတဲ့ ဘယ်တော်လှန်ရေးကမှ စာသင်ကျောင်းနဲ့ ကျောင်းသားတွေကို Target လုပ်တာ မတွေ့ဘူး။ ပြည်သူ့အတွက် တော်လှန်နေတာဆိုပြီး ကျောင်းတွေကို Target ထားတာ မူလရည်ရွယ်ချက်နဲ့ လွဲနေပြီ” ဟု မွန်စာရေးဆရာတစ်ဦးက မှတ်ချက်ပြုသည်။

    နိုင်ငံတဝန်း အခြေခံပညာကျောင်းများကို Target ထား၍ ခြိမ်းခြောက်မှုများနှင့်အတူ ဗုံးလန့်ခြင်း၊ ဗုံးပေါက်ကွဲခြင်း၊ မီးလောင်ခြင်းများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သတင်းများတွင် ဖော်ပြသည်။

    Photo- မုဒုံမြို့နယ် စာသင်ကျောင်းတစ်ကျောင်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks