Home ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး ၂၀၂၀ ရွေးကောက်ပွဲ သတင်း ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်ခံရပြီး သေဆုံး

ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်ခံရပြီး သေဆုံး

မွန်သတင်းအေဂျင်စီ(၂၀၂၁ မေ ၂၇)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမြင့်ဆွေ မေလ ၂၇ ရက်နေ့ ယနေ့ နံနက်ပိုင်းက သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ယနေ့နံနက် (၈:၁၅)မီနစ် အချိန်၌ အလူးလေးကျေးရွာရှိ ကြက်မောက်ခြံသို့ သွားရာ လမ်းခရီးတွင် အမည်မသိသူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ယင်းသို့ ပစ်ခတ် လုပ်ကြံလိုက်ခြင်းဖြစ်ကြောင်း ဘီးလင်းဒေသခံတစ်ဦးက ဆိုသည်။

“သူက အရင်တုန်းက အမတ်ဟောင်းဗျ။ လုပ်ကြံတဲ့သူက ဆိုင်ကယ်နဲ့ လာပြီး ပစ်တာ။ သူက ပွဲချင်းပြီးတယ်။ အမျိုးသမီးကတော့ မေးရိုးပွင့်သွားတယ်လို့ သိရပါတယ်”ဟု ဘီးလင်းဒေသခံတစ်ဦးက​ ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း သေဆုံးသူ ဦးမြင့်ဆွေ၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် အခင်းဖြစ်ပွားခဲ့သည့် အလူးလေး ကျေးရွာအနီးတဝိုက်တွင် ရဲနှင့်စစ်တပ် ရောက်ရှိနေပြီး လမ်းပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.