spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းအိမ်ခြံမြေဝယ်လိုအားများသော်လည်း ငွေသားပေးချေမှု အခက်အခဲဖြစ်

    အိမ်ခြံမြေဝယ်လိုအားများသော်လည်း ငွေသားပေးချေမှု အခက်အခဲဖြစ်

    -

    မွန်သတင်းအေဂျင်စီ (၂၅ မေ ၂၀၂၁)

    မွန်ပြည်နယ်အတွင်း အိမ်ခြံမြေ ဝယ်ယူသူများသော်လည်း ဘဏ်ဖြင့်ချိတ်ဆက်ဝယ်ယူခြင်းမပြုနိုင်ကြဘဲ ငွေသားအလုံးအရင်းဖြင့် ပေးချေနေရမှုကြောင့် ဝယ်ယူလိုသူများ အခက်ကြုံနေရကြောင်း မွန်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများမှ သိရသည်။

    လက်ဝယ်တွင် ငွေသားအလုံးအရင်းမရှိခြင်း၊ ဘဏ်အကောင့်ဖြင့် ၁၀ ရာခိုင်နှုန်းခန့်အရှုံးခံ၍ လဲလှယ်နေရခြင်းနှင့် ရက်အတန်ကြာစောင့်ဆိုင်းနေရသည့် ပြဿနာများကြောင့် ဝယ်သူနှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးရကြောင်း မွန်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်အသင်းဥက္ကက ဆိုသည်။

    “အချို့က မြေနေရာကောင်းလည်းတွေ့တယ်၊ ဈေးနှုန်းလည်းအဆင်ပြေရဲ့သားနဲ့ မြေပိုင်ရှင်က ငွေသားနဲ့ပဲလိုချင်တော့ ပေးဖို့က အခက်အခဲဖြစ်ကြတယ် ဘဏ်နဲ့ချိတ်ဆက်ဝယ်ယူကြမယ်ဆိုရင် ပိုအဆင်ပြေမှာပေါ့ အများစုတော့ သိန်း ၅၀၀ အောက်မြေကွက်တွေ ပိုပြီးတော့ ဝယ်တာကို တွေ့ရတယ်”ဟု အိမ်ခြံမြေအကျိုးဆောင်ဥက္ကဌက ဆက်ပြောသည်။

    လက်ရှိ မော်လမြိုင်မြို့ မြေဈေးကွက်တွင် ဈေးကြို၊ သရက်ကုန်း၊ တောင်ဝိုင်း၊ မြေနီကုန်း၊ ဇေယျာမြိုင် တို့တွင် ပေ ၃၀/၅၀၊ ၄၀/၅၀ အရွယ်အစားရှိသည့် မြေကွက်များ အရောင်းအဝယ်ပိုမို ဖြစ်ကြောင်း ၊ အကယ်၍ ဘဏ်များပုံမှန်လည်ပတ်လာပါက ပိုပြီးအရောင်းအဝယ်ဖြစ်လာမည်ဟုယူဆကြောင်း ၎င်းကဆက်ပြောသည်။

    လတ်တလောတွင် စားသောက်ဆိုင် ဆိုင်ခန်းအငှားဈေးကွက်များသည် အလုပ်အကိုင်မဖြစ်ကြ၍ အငှားဈေးကွက်မဖြစ်သော်လည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အိမ်ခြံမြေဈေးကွက်စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာသည်ကို  တွေ့ရသည်။

    မွန်ပြည်နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့်နီးသော ဥယျာဉ်ခြံအများစုကို ပေ ၃၀/၅၀၊ ၃၀/၆၀၊ ၄၀/ ၆၀ အရွယ်အစားရှိသော မြေကွက်အဖြစ် ပိုမိုရောင်းဝယ်လာကြပြီး အချို့သောကျေးရွာများတွင် လမ်းမတန်းနှင့်နီးသော ရော်ဘာခြံ၊ လယ်မြေတို့ကို အခြားနည်းဖြင့် သုံးစွဲခွင့်တောင်းခံပြီး မြေကွက်ရိုက် ရောင်းချမှုများရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks