spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ရေးရာအဖွဲ့သစ်ကို ယခုမေလအတွင်း အပြီးသတ်ဖွဲ့စည်းသွားမည်ဟုဆို

    မွန်ရေးရာအဖွဲ့သစ်ကို ယခုမေလအတွင်း အပြီးသတ်ဖွဲ့စည်းသွားမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၃)

    မွန်ညီညွတ်ရေးပါတီ MUP နုတ်ထွက်လာသူအချို့ စုပေါင်းပြီး မွန်ရေးရာအဖွဲ့သစ်တစ်ခုကို ယခုလ မေလအတွင်း အပြီးတိုင် ဖွဲ့စည်းတည်ထောင်သွားမည်ဟု ဦးဆောင်လှုပ်ရှားနေသူနိုင်မွန်ရာဇာထံက သိရသည်။

    တည်ဆဲဥပဒေအရ နစကကောင်စီလက်အောက်တွင် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ ဖွဲ့စည်းသွားမည်ဟုတ်မဟုတ်ဆိုသည်ကို မသိရှိသေးသော်လည်  မွန်ရေးရာအဖွဲ့ ဖွဲ့စည်ပုံအခြေခံစည်းမျဉ်း ရေးဆွဲလာခဲ့သည်မှာ ပြီးသလောက်လည်းဖြစ်နေကြောင်း နိုင်မွန်ရာဇာက ပြောသည်။

    နိုင်မွန်ရာဇာက “မွန်ရေးရာအဖွဲ့နဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံပြီးသလောက်ဖြစ်နေပြီ အခုမေလထဲမှာပဲ အဲ့ဒီမွန်နဲ့ပတ်သက်တဲ့ ကော်မတီတွေ အသင်းအဖွဲ့တွေကို ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ ဆွေးနွေးဖို့ တိုင်ပင်ဖို့ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

    လက်ရှိအချိန်တွင် မွန်ရေးရာအဖွဲဟု ယာယီအားဖြင့် အမည်တတ်ထားသော်လည်း လိုအပ်ပါက ပြန်လည်ဆွေးနွေးညှိနှိုင်းကာ အတည်ပြုသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မွန်ရေးရာအဖွဲ့သစ်အနေဖြင့် မွန်စာပေယဉ်ကျေးမှု အနုပညာများနှင့် ပတ်သက်ပြီး စင်တာမျိုး လုပ်ဆောင်ရန်ရှိကြောင်း၊ အဖွဲ့စည်းအနေဖြင့် စာပေသင်ကြားရေး၊ မွန်စာပေယဉ်ကျေးမှု၊ ကျန်းမာရေး၊ သုတေသန လုပ်ဆောင်မှုများ၊ အခြား လူမှုရေး ပရဟိတ လုပ်ငန်းများ စသည်တို့ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

    သို့ရာတွင် ယခင်က မွန်တစ်မျိုးသားလုံး၏အရေးကိစ္စအားလုံးကိုရှေးရှု၍ မွန်ရေးရာအဖွဲ့ Mon Affair Union- MAU ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ထိုင်းနယ်စပ်၌ ၂၀၁၀ ခုနှစ်ကတည်းက ဖွဲ့စည်းထားပြီးဖြစ်ရာ မွန်ပြည်သစ်ပါတီ၊ ပြည်တွင်းရှိ မွန်နိုင်ငံရေးပါတီ၊ ပြည်ပရောက်မွန်အဖွဲ့အစည်းများ၊ ထိုင်းနယ်စပ်နှင့် ထိုင်းမွန်အဖွဲ့အစည်များအပြင် လူထုအခြေပြုအရပ်ဖက်မွန်အဖွဲ့အစည်းများက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အထိ တာဝန်အသီးသီးခွဲဝေ၍ ပါဝင်လှုပ်ရှားလာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ 

    မွန်အရေးလေ့လာသုံးသပ်နေသူ စာရေးဆရာ မင်းချမ်းထိုက်က “တကယ့်မွန်အမျိုးသားရေး နိုင်ငံရေးမှာ ဦးဆောင်နေတဲ့ မွန်ပြည်သစ်ပါတီတို့ မွန်ညီညွတ်ရေးပါတီ ပေါ့လေ သူတို့ရဲ့ ဦးတည်ချက်တွေရှိတယ် မွန်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ မွန်လူမျိုးရေးရာအဖွဲ့ အဲဒါက MAU ရှိခဲ့တယ် နယ်စပ်မှာ အခြေခံပြီးဖွဲ့ခဲ့တာ၊ အခု မွန်ရေးရာဆိုပြီး MAU ထပ်ဖွဲ့တာမျိုးဆိုရင်တော့ နည်းနည်းရှုပ်ထွေးကုန်မယ်၊ အဲဒီတော့ အခုနိုင်ငံရေးပါတီက ထွက်လာပြီး သာမန်စာပေယဉ်ကျေးမှု အဆင့်လောက်မှာပဲဆိုရင်တော့  လူစုမကွဲအောင် စိတ်ပြေလက်ပျောက်ပေါ့လေ နည်းနည်းပါး ချိတ်ဆက်နိုင်အောင် လှုပ်ရှားတဲ့သဘောပဲထင်တယ်” ဟု သုံးသပ်သည်။ 

    တဖက်တွင်လည်း နစကစစ်ကောင်စီတွင် မွန်ညီညွတ်ရေးကိုယ်စားလှယ်ပါဝင်နေသည့်အတွက် ပြည်ပသို့ရောက်ရှိနေသော မွန်အများစုက မွန်နိုင်ငံရေးအင်အားစုသစ်တစ်ရပ် ထပ်မံဖွဲ့စည်းနိုင်ရေးကိုလိုလားကြောင်း  သြစတေးလျနိုင်ငံရောက် ၈၈ မျိုးဆက် မွန်ကျောင်းသားဟောင်း နိုင်ဝင်မာန် Weang Nai ဆိုသည်။

    “ပြည်ပမှာရှိတဲ့ မွန်နိုင်ငံရေးစိတ်ဝင်စားသူအများစုက နစကအောက်မှာဝင်လုပ်ဖို့ MUP ကိုယ်စားလှယ်လွှတ်ကတည်းက ခွဲထွက်သွားတဲ့ မွန်နိုင်ငံရေးအင်အားစုတွေကို ပြန်လည်စုစည်းဖို့ ဦးဆောင်မှုအဖွဲ့အစည်းတစ်ခု လိုအပ်နေတယ်အမြင်က ရှိနေတာကြပြီဖြစ်တဲ့အတွက် ဒါကိုလုံးဝကြိုဆိုပါတယ်။ ဒီအဖွဲ့ကို ဦးဆောင်တဲ့လူတွေက အတွေ့အကြုံရှိတဲ့လူတွေ အရည်အချင်းရှိတဲ့လူတွေ သူတို့ဖြတ်သန်းခဲ့တဲ့ ခရီးကိုကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေရဲ့ အဟန့်အတား အနှောက်အယှက်မရှိဘူး လူငယ်တွေရဲ့ ပံ့ပိုးမှုကိုရခဲ့မယ်ဆိုရင် မွန်တွေအတွက် ရေရှည်မှာဆိုရင် အကျိုးရှိတဲ့ပွဲလို့ ကျနော်တို့ယုံကြည်ပါတယ်၊ မွန်ရေးရာအဖွဲ့ ဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိအခြေအနေအရ ဘာခေါင်းစဉ်ပဲတပ်တပ် ဘာဦးတည်ချက်ပဲဆိုဆို အခွင့်အခါပေးတဲ့တစ်နေ့ကျရင် မွန်နိုင်ငံရေးလမ်းကြောင်းသစ်တစ်ခုကို ဖြည့်သွားမယ်ဆိုတာ ကျနော်အဲလိုမြင်ပါတယ်”ဟု ၎င်းက ပြောသည်။

    ထို့အတူ နုတ်ထွက်စာတင်ထားသည့် ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးအပါအဝင် ဗဟိုကော်မတီဝင် ၃၀ ဦးနှင့် ပါတီဝင်များကို မွန်ညီညွတ်ရေးပါတီ(ဗဟို)က မေလ ၃ ရက်နေ့တွင် တရားဝင်နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့တွင် ယင်းသို့ MUP ပါတီကနုတ်ထွက်ခဲ့ကြသည့်  ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်သုဝဏ္ဏအား အလုပ်သမားဝန်ကြီးနှင့် မင်းဇေယျာဦးအား ဒုတိယဝန်ကြီး စီမံကိန်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတွင် အသီးသီးခန့်အပ်တာဝန်ပေးထားသည်။ 

    Photo- မွန်ရေးရာဖွဲ့စည်းလိုသူများ (Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks