Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးရုံးကိုဗုံးခွဲ မြို့မရဲစခန်းအား ပစ်ခတ်

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးရုံးကိုဗုံးခွဲ မြို့မရဲစခန်းအား ပစ်ခတ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၂)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် မေလ ၁၁ ရက်နေ့ ည ၇ နာရီခန့်က ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး နောက် ကျိုက်ထိုမြို့မ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်ထို) က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းရက် ၁၀၀ ပြည့်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်ထို) သင်တန်းဆင်းများက ကျိုက်ထိုမြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Online ပေါ်တွင် ရေးသားပြောဆိုနေကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗုံးခွဲတိုက်ခိုက်ခံရစဉ်တွင် ရုံးစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့အတွင်း ညအချိန်အထိ ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ည ၈ နာရီအချိန်ထိ လိုက်လံပစ်ခတ်မှုကြောင့် ကျိုက်ထို အထက (၂) ကျောင်းအရှေ့တွင် လူငယ် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ကျိုက်ထိုလူမှုကယ်ဆယ်ရေး ပရဟိတ လူငယ် ၁ ဦး လက်မောင်းကျည်ဆံထိမှန်ကာ ရုံးရှိ ပစ္စည်းတစ်ချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ပေါင်မြို့နယ် မုတ္တမမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းအနီးမှာလည်း မေလ ၁၀ ရက်နေ့ ည ၁၀ နာရီခန့်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ပျက်စီမှုများ မရှိခဲ့ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts