spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းပြည်တွင်းရွှေဈေး ၁၆ သိန်းကျော်အထိ စံချိန်တင်မြင့်တက်

    ပြည်တွင်းရွှေဈေး ၁၆ သိန်းကျော်အထိ စံချိန်တင်မြင့်တက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၁)

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင်က မြန်မာ့ရွှေစျေး ၁၃ သိန်း ၅ သောင်းဝန်းကျင်ရှိခဲ့ရာမှ မော်လမြိုင်မြို့တွင် ယနေ့ရွှေစျေးနှုန်း ၁၆ သိန်းကျော်အထိ စျေးမြင့်တက်လာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

    ရွှေရောင်းဝယ်သူတစ်ဦးမှ “ ရွှေဈေးက အချိန်နဲ့အမျှကို ပြောင်းလဲနေတယ်၊ ဒီနေ့ရွှေဈေးဆိုရင်လည်း တစ်ခါမှ မကြုံဖူးသေးတဲ့ဈေးပေါ့နော်၊ လူတွေက ဘဏ်တွေကို မယုံကြည်တာရယ် ငွေကြေးကို စိုးရိမ်တာတွေကြောင့် ရွှေက အတက်ဘက်ကို သိသိသာသာကြီးသွားနေတယ်၊ ရွှေဈေးက ၁၆ သိန်း ၁ သောင်းအထိဈေးရှိပေမယ့် အရောင်းအဝယ်မရှိသလောက်ပါ” ဟု ပြောသည်။

    ထို့အပြင် ဘဏ်ဖြင့်ချိတ်ဆက်၍ အရောင်းအဝယ်ပြုလုပ်ရန် မလွယ်ကူသောကြောင့် ရွှေဆိုင်အများစုသည် လက်ငင်းငွေချေစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရကြောင်း ရွှေရောင်းဝယ်သူက ဆက်ပြောသည်။

    “ဘဏ်တွေပြိုလဲတော့မှာလား ဆိုတဲ့ကောလာဟလသတင်းတွေကလည်း ကျမတို့ လူထုအကြားမှာ စိုးရိမ်မှုတွေရှိနေတယ်၊ စုထားတဲ့ရွှေတွေကိုလည်း မရောင်းချင်၊ လက်ထဲမှာလည်း ငွေကဖော်ဖော်သီသီမရှိကြ အလုပ်တွေ ကောင်းကောင်းမလည်ပတ်သေးပေမယ့် ကုန်ဈေးနှုန်းတွေကတော့ တက်နေတာပဲ” ဟု မော်လမြိုင်မြို့မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

    လက်ရှိတွင် Mobile Banking ကောင်းမွန်စွာအသုံးမပြုနိုင်ခြင်း၊ ငွေလွှဲငွေထုတ်ပုံမှန်မဖြစ်သေးခြင်း၊ ငွေထုတ်ယူသူဦးရေနှင့် ငွေသားအရေအတွက် ကန့်သတ်ထားခြင်းကြောင့် ဘဏ်များအပေါ် ပြည်သူအများ ယုံကြည်မှုကျဆင်းလာခြင်းကြောင့် ငွေသားစက္ကူဖြင့်သာ အရောင်းအဝယ် ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရှိရသည်။

    ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွင် ၁ ယူရို ၁၈၈၁ ကျပ်၊ အမေရိကန် ၁ ဒေါ်လာ ၁၅၅၇ ကျပ်၊ ထိုင်း ၁ ဘတ် ၅၀ ကျပ် ၊ တရုတ် ၁ ယွမ် ၂၄၃ ကျပ် ၊ ဂျပန် ၁ ယန်း ၁၄.၃၂ ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁၈၄၀ ဝန်းကျင်အထိ ဈေးနှုန်းပေါက်နေသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks