spot_img
Friday, February 13, 2026
More
    spot_img
    HomeCovid 19အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ကူးစက်မှုအဆင့် ၅ သို့ ရောက်ရှိလာ

    အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ကူးစက်မှုအဆင့် ၅ သို့ ရောက်ရှိလာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၇)

    မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုတတိယလှိုင်း ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း နှစ်ဆကျော်မြင့်တက်လာခဲ့ပြီး အာဆီယံနိုင်ငံများအတွင်း ကူးစက်မှုအမြင့်ဆုံး အဆင့် ၅ အထိ ရောက်ရှိလာကြောင်း တွေ့ရှိရသည်။

    ထိုင်းကိုဗစ် ၁၉ သတင်းအချက်အလက်စင်တာမှ ယနေ့ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းလုံးတွင် ရောဂါစတင်ဖြစ်ပွားချိန်မှစတင်၍ စုစုပေါင်းကူးစက်သူ ၇၈,၈၅၅ ဦးနှင့် သေဆုံးသူ ၃၆၅ ဦးအထိရှိခဲ့ပြီး လတ်တလောရက်ပိုင်းအတွင်းမှာပင် စင်ကာပူနိုင်ငံကို ကျော်သွားခဲ့သည်။

    မြန်မာနိုင်ငံတွင်လည်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၈၇၄ ဦး၊ သေဆုံးသူ ၃၂၁၀ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၁,၉၉၉ ဦးရှိပြီး  အာဆီယံနိုင်ငံများအနက် ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးမှုအမြင့်ဆုံး တတိယနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။

    အင်ဒိုနီးရှားနိုင်ငံသည် ရောဂါကူးစက်သူဦးရေ ၁ ဒသမ ၇ သန်းနီးပါးနှင့် သေဆုံးသူဦးရေ ၄၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအမြင့်ဆုံးနိုင်ငံအဖြစ်ရပ်တည်လျှက်ရှိပြီး ၎င်းအနောက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့က အသီးသီးရပ်တည်လျှက်ရှိသည်။

    ထို့အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာ အနေဖြင့် ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် ကူးစက်ခံရသူ ၃၃ ဒဿမ ၃ သန်းကျော် သေဆုံးသူ ၅ သိန်း ၉ သောင်းကျော်ရှိပြီး အိန္ဒိယနိုင်ငံက ဒုတိယကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်ကာ ရောဂါကူးစက်သူ ၂၁ ဒဿမ ၄ သန်းကျော်နှင့် သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်ရှိပြီ ဖြစ်သည်။

    ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရောဂါကူးစက်ခံရသူ ၁၅၆ ဒဿမ ၇ သန်းကျော်၊ သေဆုံးသူဦးရေ ၃၂၇ သန်းကျော်နှင့် ပြန်လည်သက်သာသူ ၁၃၄ ဒဿမ ၁ သန်းကျော်ရှိပြီးဖြစ်ကြောင်း WHO က ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks