spot_img
Monday, May 20, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင်တက္ကသိုလ်ကျောင်းဆရာ/ဆရာမ ၁၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်း

    မော်လမြိုင်တက္ကသိုလ်ကျောင်းဆရာ/ဆရာမ ၁၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်း

    -

    မွန်သတင်းအေဂျင်စီ (၈ မေ ၂၀၂၁)

    မော်လမြိုင်တက္ကသိုလ် ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ (၁၂၆) ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်မေ ၆ ရက်နေ့က မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က အမိန့်စာထုတ်ပြန်ခဲ့သည်။

    အဆိုပါ ဆရာ/ဆရာမများသည် ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (ခ) အရ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။

    ယင်းကဲ့သို့ တာဝန်ယာယီရပ်ဆိုင်းခဲ့ရာတွင် ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး) (၂) ဦး၊ ပါမောက္ခ (၁) ဦး၊ တွဲဖက်ပါမောက္ခ (၁၂) ဦး၊ ကထိက (၉၃) ဦး၊ လက်ထောက်ကထိက (၁၈) ဦးတို့ ပါဝင်ကြောင်း သိရသည်။

    အလားတူ မေ ၆ ရက်နေ့တွင်လည်း မော်လမြိုင်နည်းပညာတက္ကသိုလ် ဌာနအသီးသီးမှ ဆရာ/ဆရာမ (၁၀) ဦးကိုလည်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်ခြင်းနှင့် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၇၂ အရ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

    သို့ရာတွင် မေလ ၅ ရက်နေ့က မော်လမြိုင်တက္ကသိုလ်တွင် မဟာအတန်းနှင့် စတုတ္ထနှစ်အတန်းတို့ကို စတင်ဖွင့်လှစ်ခဲ့သော်လည်း တက်ရောက်သင်ကြားသည့် ကျောင်းသား/သူ ဦးရေ အနည်းငယ်မျှသာ တွေ့ရှိခဲ့သည်။

    ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်တက္ကသိုလ်တွင်လည်း ဆရာ/ဆရာမ (၉၅) ဦးနှင့် စာရင်းကိုင် (၄၉) ဦးတို့ကိုလည်း တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မေလ ၆ ရက်နေ့က အမိန့်စာထုတ်ပြန်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts