Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့ တပ်ကုန်းခြံဝင်းထဲ အမည်မသိလူနှစ်ဦး လက်ပစ်ဗုံးပစ်ထည့်ပေါက်ကွဲပြီးနောက် လက်နက်ပစ်ခတ်သံများထွက်ပေါ်

ဘုရားသုံးဆူမြို့ တပ်ကုန်းခြံဝင်းထဲ အမည်မသိလူနှစ်ဦး လက်ပစ်ဗုံးပစ်ထည့်ပေါက်ကွဲပြီးနောက် လက်နက်ပစ်ခတ်သံများထွက်ပေါ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဧပြီ ၂၅)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်တပ်အခြေစိုက်ရာ တပ်ကုန်းခြံဝင်းထဲသို့ ပြီးခဲ့သည့်ည ၁၀ နာရီအချိန်ခန့်က မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူနှစ်ဦး လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ပေါက်ကွဲပြီးနောက် မောင်းပြန်ရိုင်ဖယ်လက်နက်ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း မြို့ခံအချို့မှသိရသည်။ 

“ညက ၁၀ နာရီ ဆိုင်ကယ် ၁ စီး လူ ၂ ယောက် တပ်ကုန်းရှေ့က တပ်ခြံဝင်းထဲ လက်ပစ်ဗုံးပစ်ထည့်ခဲ့ပီး  သေနတ်နဲ့ အချက် ၃၀ လောက်ပစ်ခတ်သံကြားရတယ်၊ မြို့ပြင်နာရီစင်ဘက်ကို ပြန်လစ်သွားကြတယ်” ဟု တပ်ကုန်းအနီးရှိနေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲသံကို ဘုရားသုံးဆူတစ်မြို့လုံးလိုလိုကြားလိုက်ရပြီးနောက် မောင်းပြန်ရိုင်ဖယ်ဖြင့် အတွဲလိုက် အပြန်အလှန်ပစ်ခတ်သံများ ၁၀ မိနစ်ခန့်ဖြစ်ပေါ်ခဲ့သော်လည်း ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုသတင်း မကြားသိရသေးပေ။

ယမန်နေ့ နေ့လယ်ပိုင်းက ဘုရားသုံးဆူမြို့ပေါ်တွင် ဆိုင်ကယ်သပိတ်ဆင်နွှဲသူများကို စစ်တပ်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့တို့က မော်တော်ကားဖြင့်တိုက်၍လည်းကောင်း၊ သေနတ်ပစ်ခတ်၍လည်းကောင်း ဒဏ်ရာရရှိသူများအား ဖမ်းဆီးခံမှုများရှိခဲ့သည်ဟု ဘုရားသုံးဆူမြို့ခံအချို့က ဆိုသည်။  

အလားတူ မြန်မာပြည်တဝန်းမြို့ပေါ်အသီးသီး၌ ယမန်နေ့က ဆန္ဒပြသူများအား မော်တော်ကားဖြင့်တိုက်ပြီး သေနတ်ပစ်ခတ် ဖမ်းဆီးမှုများရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts