spot_img
Saturday, February 14, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းဆန္ဒပြအဖမ်းခံရသူများနှင့် ရှေ့နေတို့ ၇ မိနစ်မျှသာ တွေ့ဆုံစကားပြောခွင့်ရ

    ဆန္ဒပြအဖမ်းခံရသူများနှင့် ရှေ့နေတို့ ၇ မိနစ်မျှသာ တွေ့ဆုံစကားပြောခွင့်ရ

    -

    မွန်သတင်းအေဂျင်စီ (၇ အေပြီ ၂၀၂၁)

    အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားသူအချို့ အဖမ်းခံခဲ့ရပြီး ကျိုက်မရောအကျဉ်းထောင် သီးသန့်တရားရုံးတွင် တရားရင်ဆိုင်နေသည့်ကာလအတွင်း လိုက်ပါဆောင်ရွက်ပေးသည့်ရှေ့နေများ ၇ မိနစ်မျှသာ စကားပြောခွင့်ရရှိကြောင်း သိရသည်။

    စစ်အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပတ်သက်သော အမှုကိစ္စရပ်များကိုင်တွယ်သွားရန် မော်လမြိုင်ခရိုင်လက်အောက်ရှိ ၆ မြို့နယ်က တရားရုံးများကို ကျိုက်မရောအကျဉ်းထောင်အတွင်း သီးသန့် ဖွင့်လှစ်ထားရှိသည်ဟု အမှုလိုက်ရှေ့နေတစ်ဦးက ဆိုသည်။

     “အမှုသည်နဲ့ ရှေ့နေတွေ့ဆုံခွင့်ကို အမှုသည်က ပြည့်ပြည့်ဝဝ ပြောဆိုပြီးတော့မှ ညွန်ကြားနိုင်ဖို့အတွက် အချိန်လုံလုံလောက်လောက်ပေးသင့်တယ်လို့ ထင်တယ်။ ပုံမှန်အားဖြင့် ဒီကိစ္စတွေမတိုင်ခင်မှာ စွပ်စွဲခံရသူ ဘက်ကနေ အမှုသည်တစ်ဦးကို အနည်းဆုံး ၁၅ မိနစ် အချိန်ယူပြီးတော့ ဆွေးနွေးမေးမြန်းတယ်။ အမှုတစ်ခုမှာ အမှုသည်ကို ရှေ့နေတွေ့ဆုံခွင့် တစ်ကြိမ်ထက်မကရရမယ် အဲလိုမျိုးတွေရှိတာပေါ့” ဟု လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

    ယင်းသို့ အထိန်းသိမ်းခံနေရသည့် ဆန္ဒထုတ်ဖော်သူ ၈၀ ဦးခန့်သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိကျခံနိုင်သည့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅) ဖြင့် အကျဉ်းထောင်သီးသန့် တရားရုံးအတွင်း တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

    “ဆန္ဒပြ ဖြစ်စဉ်နှင့် ပတ်သက်ပြီးတော့ ဖမ်းဆီးခံထိတဲ့သူတွေ၊ နေအိမ်မှာ အမည်နှင့်တကွ သွားရောက်ပြီးတော့ ဖမ်းဆီးခံရတဲ့ သူတွေကို အမှုလိုက်ပါဆောင်ရွက်တဲ့ အချိန်မှာ တွေ့ဆုံခွင့် မရဘူး။ ရဲစခန်းမှာ သူတို့ စစ်ဆေးမေးမြန်းနေစဉ်မှာလည်း တွေ့ဆုံခွင့် မရခဲ့ဘူး အကျဉ်းထောင်မှာ ရမန်ကာလ ဖမ်းဆီးထိန်းသိမ်းထား စဉ်ကာလအတွင်းမှာလည်း တွေ့ခွင့်မရခဲ့ဘူး” ဟု ၎င်းကဆက်လက် ပြောကြားသည်။

    မော်လမြိုင်မြို့ ဆန္ဒထုတ်ဖော်မှုများတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဈေးကြိုအဝိုင်း၌ အဖမ်းခံရသူ (၄၀) ဦး၊ မောင်ငံကွင်းရပ်၌ မတ်လ ၃ ရက်နေ့က အဖမ်းခံရသူ (၁၈) ဦး၊ မတ်လ ၂၅ ရက်နေ့ ဒိုင်းဝန်ကွင်း သပိတ်တွင် အဖမ်းခံရသူ (၂၀) ခန့်ရှိကြောင်း သတင်းရရှိသည်။

    မွန်ပြည်နယ် အာဏာရှင်ဆန့်ကျင်သည့် နွေးဦးတော်လှန်ရေး လှုပ်ရှာမှုများတွင် ကျဆုံးသူ (၈) ဦးအထိ ရှိပြီး အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks