မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

မာန်အောင်ရွာတွင် အသစ်ခန့်အပ်သည့်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်တစ်နေ့ စစ်တပ်နှင့် KNU ထိတွေ့ပစ်ခတ်မှုဖြစ်

မွန်သတင်းအေဂျင်စီ (၇ အေပြီ ၂၀၂၁)

ရေးမြို့နယ် မာန်အောင်ရွာတွင် အသစ်ခန့်အပ်လိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြီးနောက်တစ်နေ့တွင် စစ်တပ်မှဝင်ရောက်လာသဖြင့် ပြီးခဲ့သည့်ညနေပိုင်း(အေပြီ ၆) က KNU တပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သို့ရာတွင် မာန်အောင်ရွာ(ကရင်ရွာ)၌အိမ်ထောင်ကျနေသည့် တပ်ထွက်တစ်ဦးအား ယခုရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနေရာ အစားထိုးခန့်အပ်ခဲ့ပြီးနောက် အသတ်ခံလိုက်ရကြောင်း သတင်းထွက်ပေါ်နေသော်လည်း မွန်သတင်းအေဂျင်စီမှ သီးသန့်အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

ယမန်နေ့မွန်းလွဲပိုင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခု အနီးအနားရှိ ကိုးမိုင်ရွာ(မွန်ရွာ)သို့ ရောက်ရှိလာပြီး တိုက်ပွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ထွက်ပြေးသည့်ရွာသားများထံမှ သတင်းရရှိသည်။

ထိုနောက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မာန်အောင်ကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်နှင့် KNU တပ်ဖွဲ့တို့အကြား ပစ်ခတ်သံများကို အနီးကျေးရွာများမှကြားသိခဲ့ရသော်လည်း မိုးချုပ်လာသည့်အတွက် ထိခိုက်သေဆုံးဖြစ်မှုများကို မသိရသေးပေ။

မာန်အောင်ကျေးရွာသည် ရေးမြို့နယ် တောင်ဘက်အကျဆုံး မလွှဲတောင်ခြေအနီး ရေး-ထားဝယ် မော်တော်ကားလမ်းအရှေ့ဖက် အိမ်ခြေ ၁၀၀ ခန့်ရှိ ကရင်ရွာတစ်ရွာဖြစ်သည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စစ်တပ်နှင့် KNU တပ်မဟာ(၄) တပ်ဖွဲ့တို့ ပြီးခဲ့သည့်ညနေပိုင်းက ၂ နေရာထက်မနည်း တိုက်ပွဲဖြစ်ပေါ်သည့်သတင်း လူမှုကွန်ရက်ပေါ် ပြန့်နှံ့နေသည်ကို ဖတ်ရှုခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

About မွန်သတင်းအေဂျင်စီ

Check Also

အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် မွန်တိုင်းရင်းသား ဒုဝန်ကြီး ၂ ဦးပါဝင်

မွန်သတင်းအေဂျင်စီ (၂၁ ဧပြီ ၂၀၂၁) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖွဲ့စည်းခဲ့သည့် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့တွင် ဝန်ကြီးဌာန ၁၁ ခု ပါဝင်ပြီး …

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.