spot_img
Wednesday, February 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် သေဆုံးမှု (၃) ဦးရှိ

    မော်လမြိုင် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် သေဆုံးမှု (၃) ဦးရှိ

    -

    မွန်သတင်းအေဂျင်စီ (၁၈ မတ် ၂၀၂၁)

    ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်မှု နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် ဆန္ဒပြနေသည့် မြို့ခံပြည်သူလူထုများကို စစ်သားနှင့် ရဲလုံထိန်းတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်များတွင် မော်လမြိုင်၌ သေဆုံးမှု (၃) ဦးအထိ ရှိလာကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဈေးကြိုရပ်ကွက် လုံထိန်းတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းမှုတွင် မောင်တောက်ထွန်း လည်ပင်းကျည်ဆံထိမှန်ပြီးနောက် ယခုမတ်လ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့သဖြင့် (၃) ဦးမြောက် သေဆုံးမှုဖြစ်သည်။

    မော်လမြိုင်မြို့ပေါ် ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်များအနက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဈေးကြိုရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်ဇင်မျိုးသူနှင့် မတ် ၃ ရက်နေ့က သီရိမြိုင်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား မောင်ထက်ဝေထူးတို့ ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးမှုများ ရှိခဲ့သည်။

    ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် ဆန္ဒပြပြည်သူများကို အသံမိုင်း၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်အပြင် ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးမှုရှိလာခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိခဲ့သော်လည်း အာဏာပိုင်များက သတင်းထုတ်ပြန်မှုများမရှိသေးပေ။

    ယခုအခါ သပိတ်ဆင်နွှဲမှုအနေအထား ပြောင်းလဲလာ၍ ပြည်သူလူထုများက လူအင်အား အနည်းငယ်ဖြင့်သာ ပြောက်ကျားသပိတ်အဖြစ် ဆက်လက်ဆင်နွှဲနေသည့်အပြင် အာရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ထိုင်သပိတ်၊ စတေကာသပိတ်၊ ဆိုင်ကယ်သပိတ်နှင့် ညသပိတ် စသည်ဖြင့် ဆက်လက်ဆန္ဒပြထုတ်ဖော်ပြသခဲ့ကြသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၇ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၂၁၇) ဦး၊ ဒဏ်ရာရရှိသည့်လူနာအရေအတွက် မခန့်မှန်းနိုင်ဖြစ်နေပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ အချိန်အထိ (၁၈၇၂) ဦးရှိသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks