Homeငြိမ်းချမ်းရေးရေးမြို့ပေါ်တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ပစ်ခတ်လူစုခွဲခံရ- ဆန္ဒပြသူတစ်ဦးကိုဖမ်းဆီး

ရေးမြို့ပေါ်တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ပစ်ခတ်လူစုခွဲခံရ- ဆန္ဒပြသူတစ်ဦးကိုဖမ်းဆီး

-

မွန်သတင်းအေဂျင်စီ (၀၉ မတ်လ ၂၀၂၁)

ရေးမြို့ စစ်အစိုးရဆန့်ကျင်ရေး ရက် ၃၀ မြောက်ဆန္ဒပြချီတက်ရာတွင် ယနေ့နံနက်ပိုင်းအချိန်က လုံခြုံရေးအဖွဲ့မှ ရာဘာကျည်များဖြင့် သေနတ်အချက် ၅၀ ကျော် ပစ်ခတ်လူစုခွဲခဲ့ပြီး ကျုံလောင်းရွာဟောင်းနေ စောအိုက်ဖောင် (၂၇ နှစ်) ဆိုသူအား ဖမ်းဆီးအရေးယူထားကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

ရေးမြို့ NLD အဖွဲ့ဝင်များနှင့်အတူ ဒေသခံကရင်တိုင်းရင်းသား အင်အား ၃၀၀ ကျော်ခန့် ဆန္ဒပြချီတက်လာစဉ် နံနက် ၁၀ ခွဲကျော်အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့မှ လူစုခွဲရန်အသံချဲ့စက်ဖြင့်ပြောကြားသော်လည်း လိုက်နာခြင်းမရှိသဖြင့် ယင်းသို့ပစ်ခတ်၍ လူစုခွဲခဲ့ရသည်ဟု ဆိုသည်။ 

 “စုစုပေါင်း ၅၂ ချက်ပစ်ခတ်ခဲ့တယ် ၁၂ ဗို့ပြောင်းချောသေနတ် ရာဘာကျည်ဆံတွေနဲ့ပါ ထိရင်တော့ အသားစတွေပါ ပဲ့ထွက်တာ စပ်တာပေါ့” ဟု ၎င်းရဲအရာရှိက ဆိုသည်။ 

သို့ရာတွင် ရာဘာကျည်၊ အသံဗုံးများဖြင့် ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ကရင်လူငယ် ၃ ဦး အဖမ်းခံရသည့်အပြင် ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု ဒေသခံတစ်ဦးပြောကြားခဲ့သော်လည်း သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။  

ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က “စစ်အာဏာရှင် အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး- သမ္မတ ဦးဝင်းမြင့်နှင့် အမေစုတို့အား အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး၊  ပြည်သူတွေ တင်မြှောက်ထားသော အစိုးရ ဒို့အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ခေါ်ယူပေးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်၊ သပိတ် သပိတ် မှောက်မှောက်၊ ရုံးမတက်နဲ့ ရုန်းထွက်” စသည့် ကြွေးကြော်သံများဖြင့် ကမ်းနားလမ်းမှစတင်၍ မြို့ပေါ် လမ်းမကြီးတလျှောက် ချီတက်ဆန္ဒပြခဲ့ကြောင်း ရေးမြို့ခံများမှ သိရသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts