spot_img
Saturday, March 7, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်

    -

     စိုင်းထွန်းစံ (၂၇ ဖေဖော်ဝါရီ ၂၀၂၁)

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် မော်လမြိုင်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
     
    ဒေါက်တာအေးဇံသည် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၈ ရက်က မွန်ပြည်နယ် ပြည်နယ်သားများကို မေတ္တာရပ်ခံတိုက်တွန်းသည့် ရုပ်သံဖိုင်တစ်ခု ဖြန့်ဝေခဲ့တာကြောင့် မော်လမြိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုလုပ် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်းသိရသည်။
     
    အဆိုပါရုပ်သံဖိုင်တွင် ၎င်းက “ယခုအချိန်မှာ မွန်ပြည်နယ် ပြည်နယ်သားတွေ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကို တွေ့ရပါတယ်။ ညအချိန်မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သံပုံးတီးခြင်းများကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို များစွာ ဂုဏ်ယူပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွှတ်မြောက်တဲ့အထိ ပါဝင်ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
     
    မွန်ပြည်နယ် လူဝင်မှုကြည့်ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်ကိုလည်း “CDM ကြောင့် နစ်နာမှုရှိခဲ့သည့်ဝန်ထမ်းများကို ပြည်သူ့အစိုးရဖွဲ့စည်းပြီးချိန်တွင် ပြန်လည်ကုစားပေးမည်” ဟူသည့် ထုတ်ပြန်ချက်ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရပြီး သက်ဆိုင်ရာမှ လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။
     
    ထို့ပြင် ဘီးလင်းမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်သိရီရတနာ (အမျိုးသားလွှတ်တော်) နှင့် ဦးကျော်မျိုးမင်း (ပြည်နယ်လွှတ်တော်) တို့ကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး နေအိမ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးခဲ့သော်လည်း ၎င်းတို့အားမတွေ့ရှိခဲ့ရပေ။
     
    အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရသောကြောင့် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်အဆင့်ခေါင်းဆောင်အချို့ ဖမ်းဆီးခံရပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
     
    အလားတူ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီတွင် မြို့နယ်ထွေအုပ်ရုံးသို့ ၎င်းအမျိုးသားနှင့်အတူ သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks