spot_img
Monday, December 15, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများအား မိမိနေအိမ်သို့ပြန်ခွင့်ပြုလိုက်ပြီ

    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများအား မိမိနေအိမ်သို့ပြန်ခွင့်ပြုလိုက်ပြီ

    -

    မင်းသစ္စာခိုင်(၂၆ ဖေဖော်ဝါရီ ၂၀၂၁)

    မွန်ပြည်နယ်အစိုးရ ဝန်ကြီးအိမ်ရာဝင်းတွင် ထိန်းသိမ်းခံထားရသော မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို မိမိနေအိမ်အသီးသီးသို့ ယနေ့မွန်းလွဲပိုင်းတွင် ပြန်ခွင့်ပြုလိုက်ပြီဟု သိရသည်။

    သို့သော် မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို အခြားတစ်နေရာတွင် သီးခြားဆက်လက်ထိန်းသိမ်းထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာမင်းကြည်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ကတိဝန်ခံချက် လက်မှတ်ထိုးခိုင်းတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ဆန္ဒပြတာတွေ လှုံ့ဆော်တာတွေ မလုပ်ဖို့ပါတယ်။ ဒီခံဝန်ကို ဖောက်ဖျက်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်ဆိုတဲ့ အချက်တွေ ပါတယ်။ ဒါက သူတို့ဘက်က လုပ်ထုံးလုပ်နည်းအရပဲလေ။ အိမ်ရာကိုလည်း အပ်နှံဖို့ လက်မှတ်ထိုးပေးရတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    အထက်ပါသတင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    သို့ရာတွင် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်သည် အစိုးရအိမ်ရာဝင်းပြင်ပသို့ ရောက်ရှိနေခဲ့သဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းစဉ်က ဖမ်းဆီးထိန်းသိမ်းခံရခြင်းမရှိဘဲ ပြင်ပတွင် လွတ်မြောက်နေဆဲဖြစ်သည်။

     “CDM ကြောင့် နစ်နာမှုရှိခဲ့သည့်ဝန်ထမ်းများကို ပြည်သူ့အစိုးရဖွဲ့စည်းပြီးချိန်တွင် ပြန်လည်ကုစားပေးမည်” ဆိုသည့် ထုတ်ပြန်ချက်ကြောင့် ဦးထွန်းမင်းအောင်ကို မော်လမြိုင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ထားပြီး ရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

    အလားတူ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တပ်မတော်တပ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သော ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ယနေ့ဖေဖော်ဝါရီ ၂၆ နံနက်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့ပြီး ဝန်ကြီးများအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းခံရကြောင်း သတင်းရရှိသည်။

    ဒေါက်တာမင်းကြည်ဝင်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts