Homeသတင်းမူးယစ်ဆေးဝါးအနင်းကျေးရွာ ဘူတာရုံတောစပ်အနီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

အနင်းကျေးရွာ ဘူတာရုံတောစပ်အနီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (သံဖြူဇရပ်၊ ၀၄ ဇန်နဝါရီ ၂၀၂၁)

သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ဘူတာရုံတောစပ်အနီးတွင် ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းအချိန်က ရွာသားတစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း အနင်းရဲကင်းစခန်းထံမှ သတင်းရရှိသည်။

” သတင်းရတော့ ကျနော်တို့ သက်သေတွေခေါ်ပြီး ဝင်ဝိုင်းတာပေါ့၊ WY ဆေးပြား ၆၀ နဲ့ လူတစ်ယောက်မိတယ်၊ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ထားပါတယ်”ဟု အနင်းရဲကင်းစခန်းမှူး ဒုရဲအုပ်အောင်ကျော်ဇောက ပြောသည်။

မူးယစ်ဆေးဝါးများရောင်းချနေကြောင်းသတင်းအရ အနင်းဘူတာရုံအနီးတောစပ်တွင် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာ နိုင်စိုး(၂၈ နှစ်) အနင်းကျေးရွာ အရှေ့ပိုင်းနေသူထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆၀) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

“ဖမ်းဆီးမှုကိုတော့ ကြိုဆိုတယ်၊ ဒီမူးယစ်ဆေးဝါးတွေ လျှော့ပါးသွားဖို့က ဖမ်းဆီးမှုများများလုပ်နေဖို့လိုတယ်၊ အခုလို မူးယစ်ဆေးဝါးတွေက အရမ်းပျံ့နှံ့နေတာဆိုတော့ လူငယ်တွေတိုင်း ပိုက်ဆံ ၃-၄ ထောင်ရှိတာနဲ့ သုံးစွဲနိင်တဲ့အခြေနေလိုမျိုးလေ၊ သုံးစွဲသူအဆင့်လူငယ်တွေအတွက်ကျတော့ ပြင်းထန်လွန်းတယ် သူတို့ရဲ့အနာဂါတ်တွေ မပျောက်ဆုံးသွားစေချင်ဘူး”ဟု အနင်းကျေးရွာသား ကိုမောင်က ပြောသည်။

မူးယစ်ဆေးဝါးတွေ့ရှိသူ နိုင်စိုးအား သံဖြူဇရပ်မြို့ မြို့မရဲစခန်းမှ မယ(ပ)၂/၂၀၂၁ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့် အရေးယူထားရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts