spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းအဘစ်ကျေးရွာအနီး WY မူးယစ်ဆေးဝါးအပြား ၂၀၀၀ ကျော်ဖမ်းဆီးရမိ

    အဘစ်ကျေးရွာအနီး WY မူးယစ်ဆေးဝါးအပြား ၂၀၀၀ ကျော်ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (မုဒုံ၊ ဒီဇင်ဘာ ၂၁)

    မုဒုံမြို့နယ် ကမာဝက်မြို့ အဘစ်ကျေးရွာအနီး၌ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းအချိန်က ဆိုင်ကယ်စီးနင်းမောင်းနှင်လာသူ ၂ ဦးထံမှ မူးယစ်ဆေးဝါးအပြား ၂၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ကမာဝက်နယ်မြေရဲစခန်းထံမှ သိရသည်။

    “ကျနော်တို့တပ်ဖွဲ့တွေ သတင်းရပြီး သွားရောက်စောင့်ဆိုင်းနေကြတယ်ပေါ့၊ အဲချိန် ဆိုင်ကယ်လာလို့ တားပြီးစစ်ဆေးတော့ မူးယစ်ဆေးပြားတွေမိတာ၊အပြား ၂၀၀၀ ကျော်တယ်၊ဥပဒေအတိုင်း လုပ်ဆောင်ထားပါတယ်”ဟုကမာဝက်နယ်မြေရဲစခန်းမှ စခန်မှူး ရဲအုပ်ကျော်မြင့်နိုင် က ပြောသည်။

    ရေးမြို့နယ်တောင်ပိုင်း ရင်းဒိန်းကျေးရွာသားဖြစ်သူ သိုက်လရီထော(၂၉)နှစ် မောင်းနှင်၍ မောင်မြင့် (၄၇)နှစ် လိုက်ပါစီးနင်းပြီး ခလယ်တံခွန်တိုင်ကျေးရွာဘက်မှ အဘစ်ကျေးရွာဘက်သို့လာရောက်စဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာ အပြာရောင်ကပ်ခွာအိတ် (၁၀)အိတ်ဖြင့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၂၀၄၈)ပြား၊ WY စာတန်းပါအစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀)ပြား စုစုပေါင်း (၂၀၆၈)ပြား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

    ၎င်းတို့(၂)ဦးအပေါ်  ကမာဝက်နယ်မြေရဲစခန်းက မယ(ပ) ၅၉/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ-၁၉ (က)/၂၁ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူထားရှိသည်ဟု ဆိုသည်။

    “ဒီနေရာမှာက အမြဲဖမ်းနေတာပဲ၊ ဖမ်းတိုင်းလည်းမိနေတာပဲ၊ ဒီလမ်းကြောင်းကြီးက တကယ့်မူးယစ်လမ်းကြောင်းကြီးဖြစ်နေတယ်၊ များများဖမ်းပါ၊ ဘယ်ကလာတယ်ဆိုတာလည်း သိနေတာပဲ၊ အဲ့နေရာမှာ ဖမ်းနိုင်အောင်လည်း ကြိုးစားပေးပါလို့ပဲပြောချင်တယ်”ဟု အမည်မဖော်လိုသူ အဘစ်ရွာသားတစ်ဦးက ပြောသည်။

    မုဒုံမြို့နယ် မူးယစ်ဆေးဝါဖမ်းမိသည့်ဖြစ်စဉ်တွင် လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း မုဒုံမြို့မရဲစခန်း (၉၂)မှုနှင့် ကမာဝက်နယ်မြေရဲစခန်း (၅၉)မှု စုစုပေါင်း (၁၅၁)မှု ဖမ်းဆီးရမိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks