Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရွေးကောက်ပွဲ မဲဆွယ်ကုန်ကျစရိတ် (၇၆) သိန်းကျော်ရှိ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရွေးကောက်ပွဲ မဲဆွယ်ကုန်ကျစရိတ် (၇၆) သိန်းကျော်ရှိ

-

စိုင်းထွန်းစံ (၁၇ ဒီဇင်ဘာ ၂၀၂၀)

မွန်ပြည်နယ် ဝန်းကြီးချုပ်ဒေါက်တာအေးဇံက ရွေးကောက်ပွဲ မဲဆွယ်ကုန်ကျစရိတ် ၇၆ သိန်းကျော် ဒီဇင်ဘာ ၂ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း   သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြေညာချက် စာရင်းများအရ သိရသည်။

သထုံခရိုင် ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာအေးဇံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိထားသည်။

တင်ပြထားသည့် ရွေးကောက်ပွဲ အသုံးစရိတ်များမှာတော့ ကိုယ်စားလှယ်ပုံပါ အောင်နိုင်ရေး အင်္ကျီ၊ ကိုယ်စားလှယ် အသုံးစရိတ်များ၊ ခရီးသွားလာစရိတ်များနှင့် အခြားမဲဆွယ် ကုန်ကျစရိတ်များကို ပါဝင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ချုပ်မှ ထောက်ပံ့ငွေ (၆)သိန်းကျော်နှင့် NLD online ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ် ပါဝင်ပြီး ဒေါက်တာအေးဇံမှ (၂၅) သိန်းကျပ် ကျခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေါက်တာအေးဇံ မဲဆွယ်ကုန်ကျစရိတ်များကို ဝန်းရံသူများက ထောက်ပံ့ပေးခဲ့ကြတာဖြစ်ပြီး ရိုးရိုးလေးကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးနေထက်သိန်းနိုင် တို့မှ ငွေကျပ်(၂၇) သိန်းအထိ အများဆုံးထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

အလားတူ ကျိုက်ထိုမြို့မှ ဦးရဲထွန်း ဒေါ်နီနီဝင်းတို့က ငွေကျပ် ၁၀ သိန်း၊ PT Power ဆီဆိုင်မှ ငွေကျပ် (၅) သိန်း၊ ကျိုက်ထီးရိုးဈေးကော်မတီက ငွေကျပ်(၂) သိန်းခွဲ၊ ရတနာဟိန်း ကျောက်ထုတ်လုပ်ရေးက ငွေကျပ် (၇) သောင်းခွဲ၊ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငွေကျပ် (၄) သိန်းကျော် ထောက်ပံ့ခဲ့ကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကြေညာချက် စာရင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts