spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပါတီမဲအောင်နိုင်ရေး ပငလူငယ်မျိုးဆက်သစ်စက်ဘီးအဖွဲ့ လှည့်လည်အင်အားပြ

    မွန်ပါတီမဲအောင်နိုင်ရေး ပငလူငယ်မျိုးဆက်သစ်စက်ဘီးအဖွဲ့ လှည့်လည်အင်အားပြ

    -

    ယဉ်ထောမွန် (23rd October 2020)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာ လူငယ်မျိုးဆက်သစ် စက်ဘီးအဖွဲ့ က မွန်ညီညွတ်ရေးပါတီ MUP ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စက်ဘီးစီးနင်း၍ သံဖြူဇရပ်မြို့နယ်တောင်ပိုင်းအစွန်ရှိ မွန်ကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် လှည့်လည်အင်အားပြခဲ့ကြောင်း သိရသည်။

    အသွားအပြန် မိုင် ၅၀ ခန့်ခရီးအကွာအဝေး ရှိသည့်အတွက် အသက် (၁၄) နှစ်အထက်လိုက်ပါရန်နှင့် လူဦးရေ (၅၀) အထိသာ စာရင်းပေးသွင်းသတ်မှတ်ထားသည်ထက် ဝန်းရံသည့်လူငယ်များက  ပိုမိုများပြားနေကြောင်း စက်ဘီးစီးအဖွဲ့ဝင် မင်းဂျာနွန်က ဆိုသည်။

     “ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့စက်ဘီး အဖွဲ့က တစ်နိုင်တစ်ပိုင် အားပေးခွင့် နှိုးဆော်ခွင့်ရလို့ ကျေနပ်မိတယ်၊ နောက်ပြီး မွန်လူငယ်တွေလည်း ကျန်းမာရေးလိုက်စားမှု ရှိကြောင်းကိုပြသချင်တယ်၊ မွန်လူမျိုးတိုင်း မွန်ပါတီကို မဲပေးဖို့လည်း နှိုးဆော် တိုက်တွန်းချင်တယ်” ဟု မင်းဂျာနွန် ပြောသည်။

    Photo- ပငလူငယ်မျိုးဆက်သစ်စက်ဘီးအဖွဲ့ (MNA)

    မွန်ညီညွတ်ရေးပါတီ၏ အင်္ကျီ၊ အလံ Mask, Sticker များကိုယ်စီ တပ်ဆင်၍ မဲဆွယ်အောင်နိုင်ရေး သီချင်းများ ဖွင့်လှစ်ကာ  ပင -သံဖြူဇရပ်- ရွာသစ်-ကရုပ္ပိ-ဝဲဂလောင်း-အံခဲ-ကော့လေး-ထင်းရူး၊ ကျောင်းရွာ၊ အနင်း ကျေးရွာများသို့ အသွားခရီးနှင့် အပြန်ခရီး ပငကျေးရွာအထိ စီးနင်းလှည့်လည်ခဲ့ခြင်း ဖြစ်သည်။

    “ကိုယ့်မွန်ပါတီအတွက် အားပေးခွင့်ရလို့ ဝမ်းသာတယ်၊ ပြည်သူတွေကလည်း ပြန်လည်အားပေးတာတွေ့ရတော့ ပိုပြီးတော့ပီတိဖြစ်မိတယ်၊ ကိုယ့်မွန်လူမျိုးတွေရဲ့ စိတ်ဓါတ်နှိုးဆော်ချင်လို့ စီးနင်းဖြစ်တာပါ” လို့ စက်ဘီးစီးနင်းလိုက်ပါသူ မိအိန္ဒြာပွင့်ဖြူ ကပြောသည်။

    ပငလူငယ်မျိုးဆက်သစ် စက်ဘီးအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လူငယ်များ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းတတ်ရန်၊ စည်းလုံးမှုရှိရန်နှင့် လူငယ်များ၏ စိတ်ခန္ဓာကျန်းမာရေးအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks