spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ မေးမြန်းချက်‌မဲဆွယ်စည်းရုံးရေးတွင် မွန်ပြည်နယ်လူငယ်များ အကြံပြုချက်

    မဲဆွယ်စည်းရုံးရေးတွင် မွန်ပြည်နယ်လူငယ်များ အကြံပြုချက်

    -

    ရန်လင်းအောင် (အောက်တိုဘာ ၇)

    လာမည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမှာ ဖြစ်သည်။ သို့သော်လက်ရှိမှာတော့ မြန်မာနိုင်ငံတွင် Covid 19 ပိုးကူးစက်မှု မြင့်မားနေပြီး လက်ရှိနိုင်ငံတဝန်း နိုင်ဝင်ဘာလ ၇ ရက်နေ့အထိတွင် ကူးစက်ခံရသူ ၂ သောင်းကျော် သေဆုံးသူ ၅၀၀ နီးပါးရှိနေပြီ ဖြစ်သည်။

    Covid 19 ကပ်ရောဂါဒုတိယလှိုင်းကာလအတွင်း ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်တာကြောင့် မွန်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်တွေ မဲပေးရာမှာ စိုးရိမ်မှုတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းမှုတွေနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးသွားရာတွင် အကြံပြုချက်များကို မေးမြန်းထားပါသည်။

    မင်းခန်တီ (သံဖြူဇရပ်မြို့ ဒေသခံ)

    လက်ရှိ Covid ကာလမှာ ပိုးတွေ့ရှိသူ တစ်ဖြေးဖြေးနဲ့ များလာတယ်။ ဒီရွေးကောက်ပွဲနဲ့ ဆိုတော့ တစ်နည်းတစ်ဖုံ ပြန်စဉ်းစားဖို့ လိုတယ်ပေါ့နော်။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တိတိကျကျ သတင်းထုတ်ပြန်သင့်တယ် ဖော်ပြသင့်တယ်။ တကယ်လို့များ ရွေးကောက်ပွဲ မရွေ့ဆိုင်းဘူး ဆိုရင် ဥပမာ မဲရုံတွေ ခွဲရင်လည်း ခွဲပေါ့လေ အရေအတွက်များအောင် လုပ်ရမယ်။ လူတွေမစုဝေးအောင် Social Distancing ဖြစ်အောင် မဲရုံ ၂ ရုံရှိရင် ၄ ရုံ ၅ ရုံ အများကြီး ခွဲသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒါမှ လူတွေ လာတဲ့ နေရာမှာ မစုဝေးအောင် မဲရုံတွေ ခွဲသင့်တယ်လို့ ကျွန်တော်မြင်တယ်။ မဲဆွယ်စည်းရုံးရေး သွားတဲ့ အခါမှာ Covid 19 နဲ့ ပတ်သက်ပြီး ဆော်ဩပေးဖို့ Mask တွေတပ်ပေးဖို့ အခုက ပါတီတွေက ဂရုမစိုက်သလို ကျွန်တော်မြင်တယ် လူတွေများရင် များသလိုလုပ်ကြတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆော်ဩတာနည်းတယ်ပေါ့နော် လူစုလူဝေး မဖြစ်အောင် တားတာလည်း သိပ်မရှိဘူး။ ထိန်းချုပ်တာ မရှိဘူး။ ဒီအတိုင်းပဲ လုပ်ကြတာများတယ်။ ဒီအတိုင်းဆိုရင်တော့ နည်းနည်းတော့ အန္တရာယ်ရှိတာပေါ့နော်။


    မမြတ်နိုးခင် (မော်လမြိုင်မြို့ ဒေသခံ)

    ခုလက်ရှိ သူတို့အနေနဲ့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ်လို့ မထင်ဘူးပေါ့နော်။ နီးလည်း နီးပြီဆိုတော့ ရွေ့ဆိုင်းပါလို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီးတော့မှ မဲရုံတွေ ရှိစေချင်တာပေါ့ သူတို့တစ်နေ့ပဲလုပ်မှာ တစ်ရုံမှာကလည်း လူက ၂ ထောင်အထက်မှာ ရှိနေတာဆိုတော့ တစ်ရက်တည်းပြီးနိုင်မလား။ ဥပမာ တစ်ရပ်ကွက်မှာ ၅ ရုံရှိရင် ၂ ဆထက်ပိုတိုးပြီး တိုးသင့်တာပေါ့နော်။ခုထိလည်း သတင်းထုတ်ပြန်တာတွေ မရှိသေးဘူးလို့တော့ ထင်တယ်။ သူတို့ကတော့ တိုးမယ်ပြောပေမဲ့ လက်ရှိအထိကို သတင်းမထုတ်ပြန်သေးဘူးလားလို့။ အပြင်မှာထက်စာရင် သေချာလည်း ဘာမှထုတ်ပြန်ထားတာမရှိတော့ ခုဟာက ဘာမှလည်း သေသေချာချာ မသိရဘူး ဖြစ်နေတယ်။ ဘယ်လိုမဲပေးရမလဲဆိုတာ သေသေချာချာထုတ်ပြန်ထားတာ မရှိနေဘူး။ Online Media သုံးတဲ့ သူတွေက သိပေမဲ့ တစ်ချို့ ရွာက သူတွေက မသိနေဘူး နောက်ပြီး မဲရုံစောင့်ကြည့်ဖို့တွေ မဲရုံတိုးဖို့တွေလည်း လက်ရှိအထိ သေသေချာချာ မထွက်သေးဘူးလို့တော့ ထင်တယ်ပေါ့ ။ မွန်ပြည်နယ် Stay at Home ကို ဘီးလင်းနဲ့ မော်လမြိုင်ပဲ ထုတ်ထားတာပေါ့လေ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေး သွားတဲ့ အခါမှာ လူအုပ်နဲ့ သွားတာက အဆင်မပြေနေဘူး။ တစ်ဖက်ကလည်း Covid က ရှိနေတာဆိုတော့လေ ပြီးတော့ မဲဆွယ်ရာမှာ Online Media ကို ပိုပြီး သုံးစေချင်တာပေါ့။

    ခွန်လခို (သထုံမြို့နယ် ဒေသခံ)

    ရွေးကောက်ပွဲ ရွေ့ဆိုင်းသင့်တယ်ပေါ့လေ။ ပြည်သူလူထုတွေ အတွက် စိုးရိမ်စိတ်တွေ တအားများတယ်ပေါ့လေ ရောဂါကူးစက်နှုန်းကလည်း များလာပြီး သေနှုန်းကလည်း များလာပြီးဆိုတော့ မဲရုံကိုသွားပြီး မဲသွားပေးရင် လူစုလူဝေးက မဖြစ်မနေ ဖြစ်မှာပဲ UECက တင်းတင်းကြပ်ကြပ်လေး လုပ်ရင်တော့ အဆင်ပြေမယ်ပေါ့လေ။ မဲရုံထပ်တိုးမယ် အဲလိုပုံစံတွေပေါ့လေ။ ဒါပေမဲ့ သူတို့ ထုတ်ပြန်ချက် မြန်မြန်ထုတ်ပြန်မှ ရမယ်ပေါ့နော် ။ ရွေးကောက်ပွဲကလည်း နီးနေပြီး ဒါပေမဲ့ သူတို့ ခုထိ ဘာမှ မထုတ်ပြန်သေးဘူး ပြည်သူလူထုတွေဆီကို သတင်းအချက်အလက်တွေ ရအောင် လုပ်သင့်တယ်ပေါ့ ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks