spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၂၀ ရွေးကောက်ပွဲတွင် NCA-S EAO တပ်ဖွဲ့ဝင်များမဲထည့်ရေး အမြင်တူညီမှုမရှိ

    ၂၀၂၀ ရွေးကောက်ပွဲတွင် NCA-S EAO တပ်ဖွဲ့ဝင်များမဲထည့်ရေး အမြင်တူညီမှုမရှိ

    -

    စိုင်းဦး (စက်တင်ဘာ ၂၈)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO အဖွဲ့ဝင်အကြား ၎င်းတို့၏တပ်ဖွဲ့ဝင်များအား ၂၀၂၀ ရွေးကောက်ပွဲ တပ်ဖွဲ့ဝင်များမဲထည့်ရေးတွင် အမြင်တူညီမှုမရှိကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    မွန်ပြည်သစ်ပါတီ NMSP က ၎င်းတို့၏တပ်ဖွဲ့ဝင်များကို မဲထည့်ခွင့်ပြုထားသဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် မိမိနှစ်သက်ရာပါတီကို မဲပေးနိုင်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  နိုင်အောင်မငေးက ဆိုသည်။ 

    “ကျွန်တော်တို့ကတော့ လက်နက်ကိုင်အဖွဲ့ဟာ သူ့ဆီမှာ အိမ်ထောင်စုစာရင်းပုံစံ ၁၀ နဲ့ မှတ်ပုံတင်ရှိရင် သူတို့ စိတ်ကြိုက် မဲသွားထည့်လို့ရတယ် မဲထည့်တဲ့ မဲဧရိယာရှိတာပေါ့နော် သူတို့မှတ်ပုံတင်နဲ့ သူတို့ ဧရိယာ  သူတို့ကိုတော့ မပိတ်ပင်ဘူး သူတို့အခွင့်အရေးဆိုတော့ မဲသွားထည့်ဖို့ ခွင့်ပြုပါတယ်ခင်ဗျား” ဟု နိုင်အောင်မငေးက ဆိုသည်။

    ရွေးကောက်ပွဲဆိုသည်မှာ လူတိုင်း၏ အမျိုးသားရေးတာဝန်အရ မဲထည့်ရမှာဖြစ်ပြီး မိမိနှစ်သက်ရာပါတီကို မဲပေးသင့်သည်ဟု နိုင်အောင်မငေးက ဆက်လက်တိုက်တွန်းထားသည်။

    သို့ရာတွင် ရှမ်းပြည်ပြည်လည်ထူထောင်ရေးကော်စီ RCSS တပ်ဖွဲ့ဝင်များအား မဲထည့်ခွင့် မပေးထားဟု ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်းခေးက ဆိုသည်။

    “မဲပေးခွင့်တော့ မပေးထားဘူး ဘာဖြစ်လို့လည်းဆိုတော့ RCSS တပ်ဖွဲ့အနေနဲ့ ဘယ်ပါတီထည့်ကိုမှ အားမပေးဘူး ကန့်ကွက်တာလည်း မရှိဘူးပေါ့လေ အဲလိုပဲ ရပ်တည်ထားတာပေါ့နော တပ်သားတွေ အနေနဲ့ မဲထည့်ခွင့်ရဖို့ တောင်းဆိုတာ မရှိဘူး သူတို့လည်း နားလည်ပြီးသားပဲ တောင်းဆိုတာ ရှိခဲ့ရင်လည်း မပေးဘူးထင်တယ် အဖွဲ့တစ်ခုရဲ့ စည်းမျဉ်းစည်းကမ်းရှိပြီးသားလေ သူတို့လည်း မတောင်းဆိုပါဘူး” ဟု ၎င်းက ပြောသည်။

    ထို့အတူ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှုးက ရွေးကောက်ပွဲကျင်းပပြီး မဲထည့်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ သွားနေသည့် ဒီမိုကရေစီကို ဖော်ဆောင်ဖို့ရန် သွားသည့်အနေဖြင့် လက်ခံထားသော်လည်း ကိုယ်တိုင်ပါဝင်ရန် ခက်ခဲနေသေးသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ကိုယ်တိုင်ပါဝင်ဖို့က ခက်မှာပေါ့နော် ဘာကြောင့်လည်းဆိုတော့ ဒါက ၂၀၀၈ အခြေခံအောက်မှာ လုပ်တဲ့ကိစ္စ ကျွန်တော်တို့က ၂၀၀၈ ရဲ့ အဓိက ကျွန်တော်တို့ ဖက်ဒရယ်ကို ဆန့်ကျင်တဲ့ ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုလုပ်ပြီးတော့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ ဆိုတဲ့ အခြေခံနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်လာတာကိုး ဆိုတော့ လောလောဆယ်တော့ မဲထည့်ခွင့်ရရင်တောင် ကျွန်တော်တို့ ထည့်ဖို့တော့ မရှိသေးပါဘူး” ဟု ပဒိုစောတာဒိုမှုးက ပြောသည်။

    ဒီမိုကရေစီ ထူထောင်ပါက ရွေးကောက်ပွဲသည် အရေးကြီးသော်လည်း တဖက်တွင် ဒီမိုကရေစီ၏ အနှစ်သာရများ ပါဝင်သည့် ရွေးကောက်ပွဲအလေ့အထနှင့် အကျင့်စရိုက်ပိုင်း ထိန်းသိမ်းရန်လိုအပ်နေပြီး ပြည်သူများ ရွေးချယ်တင်မြောက်ထားသည့် ကိုယ်စားလှယ်များအနေဖြင့် ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တားဆီးပိတ်ပင်မှုများလည်း ရှိနေသေးသည်ဟု ဆိုသည်။

    ပဒိုစောတာဒိုမှုး က “အားလုံးကို လက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ထူထောင်နိုင်တဲ့ တစ်နေ့ကျရင်တော့ ကျွန်တော်တို့ မဲထည့်တဲ့ တစ်နေ့ဖြစ်လာမှာပေါ့ဗျာ” ဟု ပြောသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဲ့သို့ အစိုးရမှ ဖွဲ့စည်းထားပေးသည့် အဖွဲ့အစည်းမျိုးထက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ လွတ်လပ်သည့် ကော်မရှင်တစ်ခုကို သွားသင့်သည်ကအစ ၎င်းကိစ္စများကို တစ်ခုချင်းပြန်သုံးသပ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြင်ဆင်နေကြသလို တပ်မတော်သားများနှင့် အတူနေ မိသားစုဝင်များကလည်း ပထမဆုံးအကြိမ် တပ်ပြင်ထွက် မဲပေးကြရမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks