HomeCovid 19မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာများနှင့် ထိတွေ့မိသူ ၁၀၀ ကျော် Quarantine ထားရှိ

မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာများနှင့် ထိတွေ့မိသူ ၁၀၀ ကျော် Quarantine ထားရှိ

-

စိုင်းထွန်းစံ(မော်လမြိုင်၊စက်တင်ဘာ ၃)

မွန်ပြည်နယ်အတွင်းရှိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလူနာများနှင့် ထိတွေ့မှုရှိသူများနှင့် မိသာစုဝင်များကို မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ်ဆောင်တွင် Quarantine ထားရှိသူ ၁၀၀ ဦးကျော်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

ကိုဗစ် ၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ စက်တင်ဘာ ၃ ရက်တွင် ၁ ဦး၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ၃ ဦး၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ၈ ဦး၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ၁ ဦးတွေ့ရှိခဲ့ပြီး လက်ရှိမော်လမြိုင်မြို့အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး(စီမံ)ဒေါက်တာဝတ်မှုံက “မနေ့ကတွေ့တဲ့ ၃ ဦးထဲမှာ ၂ ဦးက Quarantine ထဲကလူတွေပဲဆိုတော့ထပ်ထိတွေ့မှုမရှိဘူး ၁ ဦးကနဂိုထဲက ထိတွေ့ထဲကပဲဆိုတော့ သူအတွက်လည်းအကုန်းလုံးထည့်ပြီးသားပဲ သူလည်း ဘယ်မှသွားတာလာတာ မရှိတော့အကုန်လုံးစုထည့်ထားတာ ၁၀၀ ကျော်တယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားခြင်း၊ အပြင်ထွက်တိုင်း Mask တပ်ခြင်း။ လူစုလူဝေးရှောင်ကြဉ်ခြင်း။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း။ လက်ကိုမကြာခနဆေးခြင်းဖြင့် အကူအညီပေးကြပါဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေတ္တာရပ်ခံထားသည်။

မော်လမြိုင်မြို့တွင် ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြသည့် ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ စေတနာ့ဝန်ထမ်း ၄ ဦး ရောဂါပိုးကူစက်သူနှင့် ထိတွေ့မိသဖြင့် Quarantine ဝင်နေကြောင်း သိရသည်။

ထို့အတူ ကိုဗစ်ပိုးတွေ့လူနာနံပါတ် ၈၂၂ နှင့် ထိတွေ့ခဲ့ဖူးသူ ရေးမြို့နယ်မှ ၄၁ ဦးတို့သည် ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ကျန်းမာရေးဝန်ထမ်းများအိမ်ယာ၌ စက်တင်ဘာ ၂ ရက်နေ့မှ စတင်၍ Quarantine ဝင်နေကြောင်း သတင်းရရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး Stay at home ကြော်ငြာထားသော မြို့နယ် (၇) ခုတို့မှ မော်လမြိုင်မြို့နှင့်မုဒုံမြို့သို့ လာရောက်မည်ဆိုပါက Quarantine ဝင်ရောက်ရမည်ဖြစ်သည်။

Photo- မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကိုဗစ် ၁၉ ရောက်ဂါရှာဖွေရရှိမှုအခြေအနေ (MSHD)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts