Homeငြိမ်းချမ်းရေးJICM အကြိုညှိနှိုင်းအစည်းအဝေးမှ Win-Win Solution ဖြစ်စေသည့်ရလဒ်ကောင်းများထွက်ပေါ်ခဲ့ကြောင်း NCA-S EAO ဆို

JICM အကြိုညှိနှိုင်းအစည်းအဝေးမှ Win-Win Solution ဖြစ်စေသည့်ရလဒ်ကောင်းများထွက်ပေါ်ခဲ့ကြောင်း NCA-S EAO ဆို

-

မွန်သတင်းအေဂျင်စီ (သြဂုတ် ၁၃)

အစိုးရနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCA-S EAO တို့ ၃ ရက်ကြာကျင်းပ ပြီးစီးခဲ့သည့် JICM အကြိုညှိနှိုင်းအစည်းအဝေးမှ Win-Win Solution ဖြစ်စေသည့် ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) ချုပ်ဆိုရာတွင် အပိုင်း (၁) NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဇယား ၁ (၈) ချက်နှင့် ဇယား ၂ ဆက်လက်ညှိနှိုင်းရမည့် နှစ်ဖက်အဆိုပြု ခေါင်းစဉ်ခွဲများ အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူ  သဘောတူညီချက် (၅) ချက်တို့ကို ကြိုတင်သဘောတူညီမှုရရှိခဲ့ကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။ 

ဗိုလ်မှူးကြီးစိုင်းငင်းက “ဆွေးနွေးညှိနှိုင်းရာမှာ ဆွေးနွေးဖော်ဆွေးနွေးဖက်များအတွက် Win-Win Solution ဖြစ်စေမယ့် ရလဒ်ထွက်ပေါ်ရေး စိတ်ရှည်လက်ရှည်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်၊ မိမိတို့အားလုံးဟာ ကိုယ့်တစ်ဦး၊ ကိုယ့်တစ်ဖွဲ့တည်းရဲ့ ကောင်း ကျိုးကိုသာ ဆောင်ရွက်နေတာမဟုတ်ဘဲ အားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စုကောင်းကျိုးအတွက် ဦးတည်ဆောင်ရွက် နေတာဖြစ်တယ်ဆိုတာ နှလုံးသွင်းထားပြီး ဆွေးနွေးညှိနှိုင်းခဲ့လို့သာ ဒီလိုရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ခဲ့တာပါ” ဟု JICM အကြိုညှိနှိုင်းအစည်းအဝေး အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်များကို ယနေ့ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM  တွင် အစိုးရနှင့် NCA-S EAO နှစ်ဖက်ခေါင်းဆောင်များထံ အတည်ပြုချက်ရယူသွားမည်ဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနောက်ပိုင်း ဆက်လက်ဆွေးနွေးမည့်

ကျန်ရှိနေသည့်အချက်များတွင် အပိုင်း(၂) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနှင့် အပိုင်(၃) ပါ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့၏ Constitution ရေးဆွဲရန်ပါဝင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဆိုသည်။

 “NCA လမ်းပြမြေပုံထဲမှာ ပါတယ်။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ညှိနှိုင်းဆွေးနွေးမယ်။ ကြိုတင်ဆောင်ရွက်ဖွယ်ရာတွေ ဆောင်ရွက်မယ်။ နောက် အချက်ကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ဟာတွေ ပါမယ်ဆို အဆင့် ၂ဆင့်ပါတယ်။ အဲဒီ အဆင့်၂ ဆင့်အတိုင်း ကျနော်တို့က လက်ခံတယ်။ ဒါပေမယ့် အသေးစိတ်ကို ဆက်သွားဖို့ လိုတယ်” ဟု ရးမှုးချုပ် ဦးဇော်ဌေးက ဆိုသည်။

ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး Constitution ရေးဆွဲရန် နောက်တက်လာမည့် အစိုးရနှင့် ဆက်လက် ဆွေးနွေးသွားရန် ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံစတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်တွင် ၃ ရက်ကြာကျင်းပသွားမည် ဖြစ်သည်။

Photo- JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်မှူးကြီးစိုင်းငင်း အပိတ်မိန့်ခွန်းပြောကြားစဉ် (NCA-S EAO)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts