spot_img
Saturday, January 17, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်တွင် မဲစာရင်းလာရောက်ကြည့်သူ ၁၂ သိန်းခန့်ရှိဟု ကော်မရှင်ခန့်မှန်း

    မွန်ပြည်နယ်တွင် မဲစာရင်းလာရောက်ကြည့်သူ ၁၂ သိန်းခန့်ရှိဟု ကော်မရှင်ခန့်မှန်း

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ ဩဂုတ်လ ၉)

    မွန်ပြည်နယ်အတွင်း ဩဂုတ်လ ၆ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၂ သိန်းခန့်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ခန့်မှန်းပြောဆိုသည်။

    မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က”ကြည့်တဲ့သူက လူတစ်ဦးတစ်ယောက်တွက်လာကြည့်တာမျိုးမဟုတ်ဘူး မိသာစုအတွက် လာကြည့်တယ် အဲဒီတော့မိသားစုအတွက်လာကြည့်လည်း ဓာတ်ပုံရိုက်ဖို့ရှိတယ် တခါတလေကြရင် မိသာစု လေးစုသော်လည်းကောင်း၊ ငါးစုသော်လည်းကောင်း အဲ့တော့ကိုစားပြုမှုကိုကြည့်ရင် ၁၇၄၀၀၀ ဆိုတော့ ၁၂ သိန်းလောက်ရှိနေတယ်လို့ ယူဆတယ်ပေါ့ “ဟု ပြောသည်။

    လက်ရှိတွင် မဲဆန္ဒရှင်များ အချိန်ပိုမိုရရှိစေရန် မဲဆန္ဒရှင်စာရင်းကို ဩဂုတ်လ ၁၄ ရက်နေ့အထိ တိုးမြင့်ကပ်ထားလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။

    “ရပ်ကျေးကော်မရှင်တွေမှာ ဥပဒေအရခွင့်ပြုထားတဲ့ ပြင်ဆင်ဖြည့်စွက်တာတွေကို ကွင်းဆင်းစိစစ်တဲ့အချိန်မှာ ကိုယ်တိုင်ပဲ ဒါကထပ်နေတာဆိုရင် တစ်ခါထဲ မှင်နီတားမဲစားရင်းဘုတ်မှာလဲ ပြင်တယ်။ Typing Error ကြောင့် နာမည်တွေမှားနေတာကို တစ်ခါထဲပြင်ပေးတာဖြစ်ပါတယ် ၄(ဂ) ကိုစောင့်နေစရာမလိုပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

    မဲစာရင်းလာကြည့်သူများထဲတွင် အမည်စာရင်းမပါဝင်သဖြင့် ပုံစံ(၃) လျှာက်ထားသူ တစ်သောင်းကျော်၊ ကိုယ်ရေးအချက်လက်များ မှားယွင်းနေသဖြင့် ပုံစံ ၄(ဂ) လျှောက်ထားသူ သုံးထောင် ကျော်ရှိကြောင်း၊ မဲစာရင်းများတွင် မပါသင့်သူများအား ပုံစံ ၄ ဖြင့်ကန့်ကွက်သူ ၃ ထောင်ခန့်တင်ပြထားကြောင်း ၎င်းထံမှသိရသည်။

    သို့ရာတွင် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့ အထိတွေ့ရှိချက်များအရ မဲစာရင်းလူ ၃၂၅,၉၈၆ ဦးစိစစ်ပြီးချိန်တွင် ၅၅,၇၂၉ ဦးသည် မဲစာရင်းတွင် စာရင်းလျော့ရမည့်သူများဖြစ်နေကြောင်း၊ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏အဆိုအရ မဲစာရင်းလူဦးရေ ၁၇ သိန်းခွဲဖြစ်သောကြောင့် အထက်ပါနှုန်းအတိုင်းပျှမ်းမျှ Error သာဖြစ်ခဲ့လျှင် ၂၉၀,၀၀၀ ကျော် သည် မဲစာရင်းတွင်ဖောင်းပွ (အပို)ပါဝင်နေသကဲ့သို့ဖြစ်နေနိုင်ကြောင်း  မွန်ပြည်နယ်အစိုးရအဖွဲ့ လဝက/လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်တွင် ရေးသားဖော်ပြထားသည်။ 

    အထက်ပါတင်ပြနေမှုများသည် ရရှိမဲစာရင်း ၃၇၄,၀၄၂ ဦး၏ မြေပြင်(တစ်အိမ်ခြင်း) စိစစ်နေဆဲအခြေအနေတွေ့ရှိချက်အမှားများဖြစ်ပြီး ကျန်မဲစာရင်းလူဦးရေ ၁၄ သိန်းခန့်အား မြေပြင်တွင်လုံးဝမစိစစ်နိုင်သေးပါ။ ၎င်းမဲစာရင်းမိတ္တူတစ်စုံ အချိန်မှီရရှိခဲ့ပါက ပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းကူညီမှုအင်အားဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း ဝန်ကြီးဦးထွန်းမင်းအောင်က ရေးသားတင်ပြခဲ့သည်။

    ဝန်ကြီး ဦးထွန်းမင်းအောင်က “နိုင်ငံတော်တွင် ဒီမိုကရေစီစနစ် ရှင်သန်နေရန် အရေးကြီးသည်။ ထို့ကြောင့်မဲပေးရွေးချယ်သောစနစ်ရှင်သန်နေရန်လိုသည်။ ရွေးချယ်သောစနစ်၏အသက်ဖြစ်သော မဲစာရင်းပြည့်စုံမှန်ကန်ရေးနှင့် မည်သူမျှမဲမသာမှုမပြုလုပ်နိုင်ရေးသည် ပို၍အရေးကြီးသည်” ဟု မှတ်ချက်ပြုထားသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်ပြည့်၍ စတင်မဲပေးရမည့် လူငယ် ၁ သိန်းခွဲကျော်ပါဝင်လာပြီး တစ်ပြည်နယ်လုံး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၇ သိန်း ၆ သောင်းကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts