spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် (၉) မြို့နယ်တွင် မှတ်ပုံတင်မရှိသူ ၃၀% ကျော် မဲပေးခွင့် ဆုံးရှုံးနေ

    မွန်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် (၉) မြို့နယ်တွင် မှတ်ပုံတင်မရှိသူ ၃၀% ကျော် မဲပေးခွင့် ဆုံးရှုံးနေ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၃၀)

    မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင်းရှိ မြို့နယ် (၉) မြို့နယ်တွင် မှတ်ပုံတင်မရှိသူဦးရေ (၃၀) % ကျော်ရှိနေပြီး မဲပေးခွင့် ဆုံးရှုံးနေရသည်ဟု လွတ်လပ်တရားမျှတသည့် (၂၀၂၀) ရွေးကောက်ပွဲအတွက် လူထုလုပ်ရှားမှုအစီအစဉ်က ထုတ်ပြန်ကြေငြာသည်။

    ယင်းနိုင်ငံသား စိစစ်ရေးကဒ်ပြား မရှိသည့် သူများက ယခင်စစ်ရေး ပဋိပက္ခတွေမှာ စစ်ဘေးရှောင်ပြည်သူများနှင့် ကျေးလက်ဒေသနေ ပြည်သူအများစု ဖြစ်သည်ဟု လွတ်လပ်တရားမျှတသည့် (၂၀၂၀) ရွေးကောက်ပွဲအတွက် လူထုလုပ်ရှားမှုအစီအစဉ် ဒါရိုက်တာ နိုင်ကဆုမွန်က ဆိုသည်။

    နိုင်ငံရေးစိစစ်ရေး ကဒ်ပြားမရှိပါက မဲပေးခွင့် မရှိတာကြောင့် ၎င်းတို့လိုလားသည့် နိုင်ငံရေးပါတီနှင့် အမတ်လောင်းရွေးချယ်ရာမှာ အခက်အခဲဖြစ်ပေါ်နိုင်သည်ဟု နိုင်ကဆုမွန်က ဆိုသည်။

    “တွက်ကြည့်လိုက်ရင် သိန်းနဲ့ချီရှိတာပေါ့ ၂ သိန်း ၃ သိန်းလောက်က ရှိတယ် တကယ်လို့ သူ့တို့ က မဲပေးလို့ မရဘူး ဆိုလို့ရှိရင် သူတို့လိုချင်တဲ့ နိုင်ငံရေးပါတီက ရှုံးသွားနိုင်တယ်ပေါ့ သူတို့ လိုချင်တဲ့ အမတ်တွေလည်း ရှုံးသွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

    ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အစိုးရအဖွဲ့ (သို့မဟုတ်) ရွေးကောက်ပွဲကော်မရှင် အဖွဲ့(ခွဲ) များအနေဖြင့် ပဋိပက္ခ ဒေသများမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးစေလိုကြောင်း၊  မှတ်ပုံတင် ပြုလုပ်ရာတွင် အချိန်မလုံလောက်ပါက မဲပေးခွင့် မဆုံးရှုံးရအောင် အမှတ်အသား ကဒ်ပြား တစ်ခုခုကို ပြုလုပ်ပေးစေချင်ကြောင်း နိုင်ကဆုမွန်က ဆိုသည်။

    အဆိုပါ မှတ်ပုံတင် မရှိသည့် ကျေးလက်နေပြည်သူများနှင့် ပဋိပက္ခ ဒေသမှ ပြည်သူတွေက ရုံးသုံးဘာသာစကားကို မကျွမ်းကျင်တာကြောင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် အကူအညီပေးစေလိုကြောင်း အဆိုပါ အစီအစဉ်တွင် ပါဝင်သည့် စံပြလူထုအခြေပြုဖွံ့ဖြိုးရေး အဖွဲ့မှ မိမြင့်မွန်က ဆိုသည်။

    “နိုင်ဝင်ဘာလ ရွေးကောက်ပွဲမှာ သူတို့ မဲပေးခွင့်ရှိဖို့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကလည်း သူတို့နဲ့ အတူ ဝန်းရံပေးဖို့ ဘာလို့လဲ ဆိုရင် တိုင်းရင်းသားတွေက ရုံးသုံးစကား ဗမာစကားကို လိပ်ပတ်လည်အောင် မပြောနိုင်ဘူး မှတ်ပုံတင်လုပ်ရာမှာ ဘာသာစကား အခက်အခဲအများကြီးရှိတယ် အဲ့ဒီအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အား ပါဝင်ဖို့ အများကြီးလိုပါတယ် ” ဟု ၎င်းက ဆိုသည်။

    မွန်ပြည်နယ် ၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ  မြို့နယ်များတွင် အကြမ်းဖျဉ်း စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်မရှိသူ ရာခိုင်းနှုန်းများသည့် မြို့နယ် (၉)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနမှ မြို့နယ် အရာရှိများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံခဲ့သည့်အပြင် ဒေသခံပြည်သူများကို အင်တာဗျုး  ၂ ရာကျော်ပြုလုပ်ပြီး စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    Photo-(၂၀၂၀) ရွေးကောက်ပွဲအတွက် လူထုလုပ်ရှားမှုအစီအစဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks