spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၉၀ ကျော်- သေဆုံးသူ ၃ ဦးရှိ

    မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၉၀ ကျော်- သေဆုံးသူ ၃ ဦးရှိ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၁၄)

    မွန်ပြည်နယ်တွင် ယခုနှစ်ဦးပိုင်းမှ ဇူလိုင်လ ၁၂ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၉၄ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

    ပေါင်မြို့နယ်မှ ၁၀ လအရွယ်နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦးနှင့် ကျိုက်မရောမြို့နယ်မှ ၁၅ ရွယ်အရွယ် လူငယ်တစ်ဦး ဖြစ်ကြောင်း သိရသည်။

    ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က “သွေးလွန်တုပ်ကွေးက တစ်နှစ်ပတ်လုံးဖြစ်နေပြီး မိုးရာသီက ပိုဖြစ်များတယ် ဖုံး သွန် လဲ စစ် ကို ပြည်သူတွေက သိရှိရုံနဲ့ မပြီးဘူး လိုက်နာဖို့လည်း လိုတယ် လိုက်နာမှသာလျှင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသေဆုံးမှုနှုန်းက လျော့ကျလာမှာ” ဟု ဆိုသည်။

    လက်ရှိတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် နေရာများတွင် ရောဂါနှိမ်နှင့် ထိန်းချုပ်ရေး (Case Based Control) အဖြစ် ကျန်းမာရေး ဌာနမှ ဆောင်ရွက်နေသည်ဟု ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

    “ဦးဆောင်ပြီးတော့ အဲ့ဒီရောဂါဖြစ်ပွားတဲ့ နေရာမှာ မီးခိုးတွေမှုတ်ထုတ်တယ် Abate လိုက်ခတ်တယ် ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်တယ် ဖုံး သွန် လဲ စစ် လုပ်တယ် ဖြစ်ပွားတဲ့ ရွာမှာ တစ်ရက်တစ်ခါ ဟောပြောမှုတွေလုပ်တယ်” ဟု ၎င်းကဆိုသည်။

    ထို့အတူ ပေါင်မြို့နယ်၊ ကော့ပလိန်းကျွန်းနှင့် မှော်ဘီကျေးရွာတို့မှ သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများနေ၍ ဇူလိုင်လပထမအပတ်တွင် ပြည်နယ် ရ.ပ.က.န အဖွဲ့မှ ရောဂါနှိမ်နင်းထိန်းချုပ်ရေး(Case based control )လုပ်ငန်းများအနေဖြင့် ခြင်လောက်လန်းနှိမ်နင်းရေး (ဖုံး၊သွန်၊တိုက်ချွတ်၊လဲ၊စစ်)၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ အိမ်ခြေ (၁၅၉)၊လူဦးရေ (၁၀၈၇)ဦး နှင့် ခြင်သက်ကြီးကောင်နှိမ်နင်းရေး ခြင်ဆေးမှုတ်ခြင်း အိမ်ခြေ (၅၇)၊ မူလတန်းကျောင်း (၁)ကျောင်း၊အသွားအလာကန့်သတ်ထားသောနေရာ(Quarantine center) (၁)ခု၊ လူဦးရေ (၅၆၃)ဦး ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

    ၂၀၁၉ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံး စာရင်း၌ မွန်ပြည်နယ်ပါဝင်ပြီး ဖြစ်ပွားသူ ၁,၁၆၂ ဦးနှင့် ကလေးငယ် ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ကုသ ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

    Photo-ခြင်ဆေးမီးခိုးမှုတ်စက်ဖြင့် ခြင်နှိမ်နင်းရေးပြုလုပ်စဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts