HomeCovid 19Covid 19 တွေ့ရှိခဲ့သည့် မွန်ပြည်နယ်မှ Case 287 လူနာနှင့်ထိတွေ့ခဲ့သူ ၅၀ ဦးကို ရောဂါပိုးစစ်ဆေး

Covid 19 တွေ့ရှိခဲ့သည့် မွန်ပြည်နယ်မှ Case 287 လူနာနှင့်ထိတွေ့ခဲ့သူ ၅၀ ဦးကို ရောဂါပိုးစစ်ဆေး

-

ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၂၄)

မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ် အဆောင်တွင် Covid 19 ပိုးတွေ့ရှိခဲ့သည့် လူနာအမှတ် ၂၈၇ နှင့် ထိတွေ့ခဲ့သည့် ထိတွေ့ခဲ့သည့်ကွပ်ကဲရေးအဖွဲ့မှ လူ ၅၀ ဦးတို့ကို ဇွန်လ ၂၃ ရက်နေ့က ရောဂါပိုးရှိ/မရှိကို ဓါတ်ခွဲနမူနာ ရယူပြီး စစ်ဆေးခဲ့သည်ဟု ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

“ပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တဲ့ လူ ၅၀ ကို မနေ့က စစ်တာ Volunteer က ၁၅ ယောက်လောက်ရှိမယ် ကျန်တာက ဌာနာဆိုင်ရာတွေပေါ့ ” ဟု ၎င်းကဆိုသည်။

ယင်း ၅၀ ဦးမှာ မော်လမြိုင် ဆယ်မြို့နယ်ဆောင် CBFQ တွင် အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာအဖွဲ့၊ လူမှုကူညီရေးအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ ၊လူငယ့်ရေးရာကော်မတီမှ စေတနာ့ ဝန်ထမ်း နှင့် မြတ်ရတနာမင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ ပါဝင်ပြီး ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်) သို့ ပေးပို့ထားတာလည်း ဖြစ်သည်။

မော်လမြိုင်တွင် ပိုးတွေ့ရှိခဲ့သည့် လူနာ ၂၈၇ ဟာ ဖျားခြင်း ချောင်းဆိုး စည့် ရောဂါ လက္ခဏာမတွေ့ရှိဘဲ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။

“ဘာ လက္ခဏာမှ မပြဘူး ကျွန်တော်တို့ စစ်လိုက်လို့သာ Positive ထွက်လာတာ ခုချိန်ထိတောင် ဘာလက္ခဏာမှ မပြဘူး ကောင်းနေတာပဲ ချောင်းဆိုးတာ ဖျားတာ လုံးဝမရှိဘူး” ဟု ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

ထို့သို့ မည်သည့် လက္ခဏာမှ မပြဘဲ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်စရာဖြစ်နေပြီး လူစုလူဝေး မလုပ်ဖို့နှင့် အပြင်နိုင်ရင် Mask တပ်ဆင်ဖို့ လိုအပ်သည်ဟု ကိုဘိုဘိုဝင်းက တိုက်တွန်းသည်။

“ဒီလကုန်အထိကို လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေ လူစုလူဝေးဖြစ်နိုင်တဲ့ နေရာတွေကို မသွားဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ပါပေါ့ မဖြစ်မနေသွားရင်လည်း Mask တပ်ဆင်ပေးဖို့ပေါ့ အခု Covid ဖြစ်တဲ့ လူနာတွေက ဘာ လက္ခဏာမှ မပြနေဘူး နေ့စဉ် ကျွန်တော်တို့ အပူချိန်တိုင်းတယ် အနံ့ရမရ စစ်ဆေးတယ် ဒါတွေလည်း မပေါ်နေဘူး မူလက လက္ခဏာပြတယ် အခု လက္ခဏာမပြတဲ့ ဟာတွေတွေ့နေရပြီ ပြည်သူတွေအနေနဲ့က စိုးရိမ်စရာတွေ ပိုဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် Case 287 နှင့်အတူ ထိတွေ့ထားဖူးသည့် CBFQ ရှိနေသူများကို စစ်ဆေးရာမှာ Negative ထွက်ထားတာလည်း ဖြစ်သည်။

ထိုသို့ Negative အဖြေထွက်ထားပေမဲ့ သက်ဆိုင်ရာ မြို့နယ်ရှိ CBFQ ကို ပို့ဆောင်မှာ မဟုတ်ဘဲ မော်လမြိုင်မြို့နယ်ရှိ ဆယ်မြို့နယ်အဆောင် CBFQ တွင်သာ ၂၁ ရက် ရက်ပြည့် ထားရှိမှာဖြစ်ပြီး ရက်မပြည့်မှီ ဒုတိယအကြိမ် ပိုး ရှိ/မရှိကို ဓါတ်ခွဲစစ်ဆေးသွားမည်ဟု ပြည်သူ့ကျန်းမာရေး ဌာနမှ သိရသည်။

လူနာ Case 287 ပေါင်မြို့နယ် သဗြုချောင်ကျေးရွာမှ ဖြစ်ကြောင်း၊ ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာကြောင်း၊ ၎င်းနှင့် အတူ CBFQ တွင်နေထိုင်သည့် အခန်းဖော်တွင် ရောဂါပိုး Negative အဖြေ ထွက်ရှိထားသော်လည်း ဆေးရုံသို့ ပို့ဆောင်ထားသည်။

လက်ရှိတွင် မော်လမြိုင် ပြည်သူ့ဆေးရုံတွင် Covid 19 ပိုးတွေ့ရှိသူ (၅) ဦးရှိပြီး၊ ဇွန် ၂၂ ရက်နေ့ စာရင်းအရ PUI (၉) ဦး နှင့် Hospital Quarantine အရေအတွက် ( ၁၅ ) ဦး ရှိနေသည်။

Photo- လူနာ Case 287 ရောဂါပိုးတွေ့ရှိခြင်း (ကျန်းမာရေးဌာန)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts