spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းငါးဖမ်းလှေများပြင်ဆင်ရန် လိုအပ်သည့်သစ်များ အစိုးရအဖွဲ့ထံတင်ပြထား

    ငါးဖမ်းလှေများပြင်ဆင်ရန် လိုအပ်သည့်သစ်များ အစိုးရအဖွဲ့ထံတင်ပြထား

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၁၇)

    ကမ်းနီးကမ်းဝေးပင်လယ်ပြင် ငါးဖမ်းလှေများပြင်ဆင်ရန် လိုအပ်သည့် သစ်တန် ၂၀၀ ခန့်ကို ပြည်နယ်အစိုးရအဖွဲ့ကူညီပေးပါရန် တင်ပြထားကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ကျိုက်ခမီရေလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမြင့်စိုးက ပြောသည်။

    “လှေမှာ သစ်ပုတ်တွေပဲ သုံးတာလေ သစ်ဆိုင်တွေက ဝယ်ထားတယ် ရာသီချိန်ကျရင် ပြင်ဆင်ဖို့ သစ်ဆိုင်ကနေ ပြန်ဝယ်တယ် ဒီလိုပဲ သွားနေကြတာလေ ဘယ်သူဆီမှာလဲ တောင်းခံစရာမလိုဘူး နှစ်စဉ်နှစ်တိုင်းက သစ်ဆိုင်ကနေ ဝယ်စုထားတယ် ဒီနှစ်က တပ်နယ်က ဝင်ဖမ်းသွားတော့ သစ်ဝယ်လို့မရဖြစ်သွားတယ်” ဟု ဦးမြင့်စိုးက ဆိုသည်။

    ကျိုက်ခမီမြို့ အောင်သုခနှင့် မြို့မရပ်ကွက်ရှိ သစ်ဆိုင်များမှ သိုလှောင်ထားသောသစ်များကို တရားမဝင်ဟုဆိုကာ တပ်မတော်ကဖမ်းဆီးခဲ့သည့်အတွက် လှေပြင်ရာတွင် လိုအပ်သည့် သစ်များဝယ်ယူနိုင်ရေး တင်ပြတောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

    ယင်းသို့ မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တင်ပြလာသည့်သစ်တန်များကို ပြည်ထောင်စုအစိုးရထံသို့ တန် ၂၀၀ တင်ပြတောင်းဆိုထားသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “ကျွန်တော်တို့လည်း လုပ်နိုင်တဲ့ အပိုင်းကို ဝန်ကြီးချုပ်နဲ့ ညှိပြီးတော့ ဖမ်းဆီးတာတဲ့ သစ်က ၁၀၂ တန်အထိ ရှိနေတယ် ဒါက သံဖြူဇရပ်မှာပဲရှိနေတယ် ဒါကိုကျွန်တော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ထားတယ် ခွင့်ပြုချက် မြန်မြန်ရရင် ငါးလုပ်ငန်းကိုလွဲပြီးတော့ လွဲပြောင်းရောင်းချ ပေးမှာပေါ့ တစ်ခါတင်ရင် တန် ၂၀၀ ခွင့်ပြုတဲ့ တန် ၂၀၀ လိုတယ်လို့ တင်လိုက်တယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    ပင်လယ်ငါးဖမ်းရာသီပိတ်ချိန် မေလမှ သြဂုတ်လပိုင်းကုန်အတွင်း ငါးဖမ်းလှေများပြန်လည်မွမ်းမံရသည့်အချိန်ဖြစ်သည်ဟု စက်လှေပဲ့နင်းများပြောပြချက်အရ သိရသည်။

    လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် အလုပ်အကိုင်များရပ်နားနေရသလို ပင်လယ်ငါးတင်ပို့ခြင်းလုပ်ငန်းသည်လည်း ၂၀ ရာခိုင်နှုန်းအောက်သို့ ထိုးကျခဲ့ကြောင်း ၊ အလားတူ ကျိုက်ခမီမြို့ပေါ်တွင် သစ်ဆိုင်များပြန်လည်မဖွင့်လှစ်နိုင်ခြင်း၊ လက်သမားများလည်း အလုပ်လက်မဲ့ဖြစ်ပေါ်နေခြင်းဆင့်ကဲဖြစ်စဉ်များဖြစ်ပေါ်လာကြောင်း သတင်းရရှိသည်။

    Photo- အစိုးရထံတင်ပြထားသည့် မိတ္တူစာ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts