spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကဗျာဝကမ်းခြေတွင် ရေဆင်းကူးသူတစ်ဦး ရေထဲမျောပါပျောက်ဆုံး

    ကဗျာဝကမ်းခြေတွင် ရေဆင်းကူးသူတစ်ဦး ရေထဲမျောပါပျောက်ဆုံး

    -

    မင်းသစ္စာခိုင်(မေ ၂၂)

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကဗျာဝကမ်းခြေ၌ ရန်ကုန်မှလာသောဧည့်သည်အဖွဲ့တစ်ဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ရေဆင်းကူးသူတစ်ဦး ရေထဲမျောပါပျောက်ဆုံးနေကြောင်း ကဗျာဝကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်လင်းက ပြောသည်။

    “ရေကူးရင်းနဲ့ အပြင်ဘက်ကို မျောပါသွားတယ်။ ခြေဟန်လက်ဟန်တွေ ပြနေတာ။ သူတို့အဖွဲ့တွေက တွေ့တယ်။ ခြေဟန်လက်ဟန်ပြပြီး ပျောက်သွားရော။ မနက် (၆) နာရီခွဲကတည်းက ပျောက်သွားတယ်”ဟု ကဗျာဝအုပ်ချုပ်ရေးမှူးက ဆိုသည်။

    လက်ရှိအချိန်တွင် ပင်လယ်ဒီရေထရက်နှင့်တိုက်ဆိုင်နေသဖြင့် ပင်လယ်ရေမြင့်တက်နေပြီး လှိုင်းလုံးကြီးခြင်းကြောင့် ကမ်းဝေးရှာဖွေမှုများဆောင်ရွက်နိုင်ခြင်းမရှိဘဲ အလောင်းပေါ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းစရာရှိတော့သည်ဟု သိရသည်။

    ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က “ရေနစ်တယ်လို့ သိရတယ်။ လောလောဆယ်တော့ မပေါ်သေးဘူး။ ပေါ်လာရင်တော့ သေမှုသေခင်း ဖွင့်ရမယ်။ ရေနစ်သေဆုံးတာလေ။ ပင်လယ်ထဲဆိုတော့ အမှန်တကယ်က တန်းပြီး မပေါ်ဘူး” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီနှင့် အလှူရှင်အဖွဲ့သည် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၄) ဦး ပါဝင်သည့် ရန်ကုန်မှ လာသည့်အဖွဲ့တွင် အသက် (၅၇) နှစ်ရှိ ဦးအောင်အောင်ကြည် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

    “သူတို့က မာန်အောင်ကျေးရွာ (ရေးမြို့နယ်) ကို အလုပ်ကိစ္စသွားကြမယ့်လူတွေလို့ ပြောတယ်။ အဲဒီရွာမှာ အစိုးရအလယ်တန်းကျောင်း ဆောက်လုပ်လှုဒါန်းထားတယ်။ သူတို့တွေ ဒီ (ကဗျာဝ) ကို အရင်ဝင်လာတယ်။ မနက် (၆) နာရီလောက် ဒီကိုရောက်တယ်။ သူတို့ရေဆင်းကူးကြတာ။ အဲအထဲက တစ်ယောက်က ပျောက်သွားတာ” ဟု ကဗျာဝ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

    လက်ရှိ Covid-19 ကာကွယ်ထိန်းချုပ်နေသည့်ကာလအတွင်း ကဗျာဝကမ်းခြေ အပန်းဖြေလုပ်ငန်းများ ကန့်သတ်ထားသဖြင့် ခရီးသွားဧည့်သည် မရှိသလောက်ဖြစ်နေပြီး စာသောက်ဆိုင်များလည်း ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရှိရသည်။

    Photo- ကဗျာဝကမ်းခြေတစ်နေရာ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks