spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19တပ်မတော်က မွန်ပြည်သစ်ပါတီသို့ COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများလှူဒါန်း

    တပ်မတော်က မွန်ပြည်သစ်ပါတီသို့ COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများလှူဒါန်း

    -

    မွန်သတင်းအေဂျင်စီ(မေ ၁၇)

    COVID-19 ရောဂါကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  မွန်ပြည်သစ်ပါတီသို့ တပ်မတော်က မေလ ၁၆ ရက်နေ့တွင် အထောက်အကူပြုပစ္စည်းများ လှူဒါန်းကြောင်း သတင်းရရှိသည်။

    အဆိုပါ အထောက်အကူပြုပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့်အဖွဲ့က မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့နှင့် အဖွဲ့တို့အား တိုင်းစစ်ဌာနချုပ်၊ ဒေါနရိပ်သာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်သတင်းတွင် ဖော်ပြသည်။

    တပ်မတော်က PPE ဝတ်စုံ ၂၀၀ စုံ၊ Surgical Mask  ၅၀၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ ခွဲစိတ်ခန်းသုံး လက်အိတ် Surgical Gloves ၃၀၀၀ ခု၊ မျက်မှန် Goggles ၁၀၀ ခုနှင့် ပိုးသတ်ဆေးဖျန်းပုံး ၂ ပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

    အလားတူ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒေသခံပြည်သူများအတွက် မွန်ပြည်နယ်လွှတ်တော်မှ ခွဲဝေရရှိသော COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို  ရေးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဋ္ဌနိုင်ထောရတ်သို့ ရေးမြို့ဆက်ဆံရေး(NMSP) ၌ ယနေ့မွန်းလွဲပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    မွန်ပြည်နယ်လွှတ်တော်မှ PPE(medical), PPE(normal), Hand gel, Mask, လက်အိတ်၊ မျက်မှန်၊ သာမိုမီတာနှင့် လက်သန့်ဆေးရည်တို့ ပါဝင်ကြောင်းသိရသည်။

    COVID ကာကွယ် ထိန်းချုပ်ရေးအတွက် မွန်ပြည်သစ်ပါတီထိန်းချုပ် ဧရိယာများအတွင်း ကျန်းမာရေးစစ်ဆေးသည့်နေရာ (၁၈) နေရာ ဖွင့်လှစ်ထားရှိသည်။

    မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရေးထိုးခဲ့သည်။

    Photo-ရတခတိုင်းမှူးက NMSP သို့ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများလှူဒါန်းစဉ် (CINCDS)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks