spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းဝမ်းနည်းကြောင်းမှတ်တမ်း

    ဝမ်းနည်းကြောင်းမှတ်တမ်း

    -

    ဦးအောင်မိုးမြင့်
    အသက်(၄၉) နှစ်
    NMG-BNI- RFA Radio

    မွန်သတင်းအေဂျင်စီ
     နေ့စွဲ။           ။ မေလ (၁၇) ရက်နေ့၊ ၂၀၂၀ ။

    ပြည်ပရောက်မြန်မာလူငယ်များက ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group – NMG) ၏ ဗဟိုအမှုဆောင်အရာရှိနှင့် နိုင်ငံတကာမြန်မာ့သတင်း (Burma News Internation – BNI) ၏ Business Development Chairperson ဖြစ်သော ဦးအောင်မိုးမြင့်သည် မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါကြောင်း ကြားသိခဲ့ရပါသောကြောင့် မိမိတို့ မွန်သတင်းအေဂျင်စီ  ( Mon News Agency – MNA) အဖွဲ့သားများအနေဖြင့် အထူးပင် စိတ်မကောင်းဖြစ်ကြရပါသည်။

    ဦးအောင်မိုးမြင့်သည် Burma News International – BNI ၏ Media & Business Development တာဝန် ယူနေစဉ် ကာလတစ်လျှောက် မိမိတို့ မွန်သတင်းအေဂျင်စီအား ကြော်ငြာရှာဖွေပေးမှုနှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် အကြံဉာဏ်ပေးခဲ့မှုအတွက် မိမိတို့အဖွဲ့သားများအနေဖြင့် အမြဲဂုဏ်ယူမှတ်တမ်း တင်အပ်ပါသည်။

    ယခုလို မထင်မှတ်ထားသည့် အချိန်မှာ ကွယ်လွန်သွားသည့်အတွက် Network Media Group နှင့် Burma News International အနေဖြင့် ဆုံးရှူံးမှုကြီးတစ်ရပ်အနေဖြင့် မိမိတို့ယူကြုံးမရ ဖြစ်မိပါသည်။ သို့ပါ၍ ဦးအောင်မိုးမြင့်တစ်ယောက် ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခြင်းနှင့် ကျန်ရစ်သူ မိသားစုနှင့်တစ်ကွ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

    Mon News Agency အဖွဲ့သားများ    

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks