spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်ဆေးရုံကြီးတွင် Fever Clinic ဖွင့်လှစ်

    မော်လမြိုင်ဆေးရုံကြီးတွင် Fever Clinic ဖွင့်လှစ်

    -

    ရန်လင်းအောင် (ဧပြီ ၂၉၊ မော်လမြိုင်)

    Covid 19 ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရန်အတွက် မော်လမြိုင်မြို့ရှိ ကုတင် ၅၀၀ ဆံ့ဆေးရုံကြီးတွင် Fever Clinic ကို မေလ ၁ ရက်နေ့ကစပြီး ဖွင့်လှစ်သွားမှာ ဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ပြောကြားသည်။

    Covid 19 နှင့် ပတ်သက်ပြီး သံသယ လူနာများအပြင် တခြား လူနာများကိုလည်း Fever Clinic တွင်  ကုသပေးသွားမှာဖြစ်သည်ဟု ၎င်းကဆိုသည်။

    “အရေးပေါ်ပေါ့ ဖျားတယ် ချောင်းဆိုးတယ် လည်ချောင်းနာတယ် ရင်ကြပ်တယ် မောတယ် ခရီးသွား ရာဇဝင်ရှိတယ်  အရေးပေါ်ဆရာဝန်ကနေ ကြည့်မှာဖြစ်ပါတယ် သူကြည့်ဖို့ Fever Clinic room လုပ်ထားပြီးပါပြီ လူနာဝင်တဲ့ အပေါက် ဆရာဝန်ဝင်တဲ့ အပေါက် PPE ဝတ်မယ် ကျွန်တော်တို့ကြည့်မယ် အရေးပေါ်မဟုတ်ဘဲနဲ့ လာပြတာပေါ့ ဒီလူတွေကျ Fever Clinic အခန်းထဲ ပို့မယ်” ဟု ဒေါက်တာ ကျော်မြင့်က ဆိုသည်။

    မော်လမြိုင် ပြည်သူ့ဆေးရုံရှိ အထူးကု ဆရာဝန် ၄ ဦး စေတနာ ဝန်ထမ်းဆရာဝန် ၁၀ ဦးကျော်နှင့် သူနာပြု ၊ ဆေးမှတ်တမ်း ဆေးလူမှု အဖွဲ့များနှင့် မနက် ၉ နာရီမှ မွန်းတည့် ၁၂ အထိ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

    Hospital Based Fever Clinic ကို သုံးလကာလမှ Covid 19 ရောဂါ ပြီးဆုံးသည်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ရေရှည်အတွက် မြို့ခံများ၏ ကူညီမှုများ လိုအပ်သည်ဟု မော်လမြိုင် Fever Clinic မှ စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာသက်ကျော်စိုးက ဆိုသည်။

    “စလုပ်ဖြစ်တော့ သုံးလ အနည်းဆုံး မှန်းထားတယ် သုံးလထပ်လည်း ကြာနိုင်တယ် အနည်းဆုံး သုံးလကတော့ လုပ်ကိုလုပ်ရမယ် ရေရှည် ရပ်တည်ဖို့ကတော့ မြို့ခံတွေရဲ့ ကူညီမှုတွေလည်း အများကြီးလိုတယ် တစ်ဦးတစ်ယောက်အားနဲ့တော့ သွားလို့မရဘူးလေ” ဟု ၎င်းကဆိုသည်။

    လက်ရှိတွင် မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊သထုံ စသည့် မြို့နယ် ပြည်သူ့ဆေးရုံများတွင် Fever Clinic ဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပြုလုပ်နေပြီး မြို့နယ် ၁၀ မြို့နယ်ရှိ  မြို့နယ်ပြည်သူ့ ဆေးရုံများတွင်လည်း Hospital Based Fever Clinic ဖြင့် ကျန်းမာရေးစစ်ဆေးမှုများ အခမဲ့ ပြုလုပ်သွားမည်  ဖြစ်သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

    Photo- Fever Clinic စမ်းသပ်ခန်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks