spot_img
Monday, May 6, 2024
More
    spot_img
    HomeCovid 19ထိုင်းပြန်ရွှေ့ပြောင်းအလုပ်သမားများအား မွန်ပြည်သစ်ပါတီထိန်းချုပ်သည့် ဘုရားသုံးဆူနယ်စပ်သို့ ဝင်ခွင့်မပြု

    ထိုင်းပြန်ရွှေ့ပြောင်းအလုပ်သမားများအား မွန်ပြည်သစ်ပါတီထိန်းချုပ်သည့် ဘုရားသုံးဆူနယ်စပ်သို့ ဝင်ခွင့်မပြု

    -

    မွန်သတင်းအေဂျင်စီ(ဧပြီ ၂၉)

    Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဆောင်ရွက်လျက်ရှိရာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ထိုင်းပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဝင်ရောက်ခွင့်မပြုကြောင်း မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဧပြီလ ၂၅ ရက်နေ့တွင် အမိန့်ထုတ်ပြန်ထားသည်။

    မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “အစိုးရက ကျနော်တို့ကိုအသိပေးလာတယ်၊ ဧပြီ ၃၀ လကုန်ပြီးရင် နေရပ်ပြန်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို မြဝတီလမ်းကြောင်းကနေ ကြိုဖို့ အစိုးရအစီအစဉ်တွေ ချမှတ်ထားပြီးပြီ၊ အဲဒါကြောင့် ဘုရားသုံးဆူလမ်းဘက်ကနေ ပြန်မလာကြဖို့၊ ကျနော်တို့ပါတီကိုလည်း ဝိုင်းဝန်းတားမြစ်ပေးဖို့ အကြောင်းကြားလာတယ်၊ အကယ်၍ နယ်စပ်နေရာအနှံ့ကနေသူ့ပုံစံနဲ့သူ ဝင်လာခဲ့ရင် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ထိရောက်မှာမဟုတ်ဘူး၊ ထိန်းရလည်းခက်ပါလိမ့်မယ်” ဟု မွန်ပြည်သစ် Facebook လူမှုကွန်ယက်မှ မွန်ဘာသာဖြင့် ပြောကြားခဲ့သည်။

    မွန်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သွားလာရာတွင် ခရီးအကွာအဝေးအတိုဆုံးလမ်းဖြစ်သည့် ဘုရားသုံးဆူနယ်စပ်သည် တရားမဝင်လမ်းကြောင်းဖြစ်သည့်အားလျော်စွာ စာရွက်စာတမ်းအထောက်အထားမဲ့သူများက ပွဲစားဖြင့်ဝင်ထွက်သွားရာ လမ်းကြောင်းတစ်ခု ဖြစ်နေကြောင်း သိရသည်။

    “ဒါကြောင့် မြဝတီလမ်းကြောင်းတစ်ခုတည်းကနေပဲ ပြန်လာကြဖို့၊ မြဝတီရောက်ရင် အစိုးရအစီအစဉ်နဲ့ ကြိုပေးမှာဖြစ်ပါတယ်၊ ပြီးတော့သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေမှာရှိတဲ့ Quarantine စခန်းတွေကို ဆက်လက်ပို့ပေးမယ်” ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။

    ထို့အပြင် Covid 19 ရောဂါထိန်းချုပ်နေသည့်ကာလအတွင်း ထိုင်းနိုင်ငံမှ ပြန်လာသူများအနေဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာနှင့် ကြံတောရွာသို့ ဝင်ရောက်ခွင့်မပြုကြောင်း၊ လိုက်လံပို့ဆောင်ပေးသောပွဲစားများအား ဖမ်းဆီးမိပါက ဒဏ်ငွေဘတ် ၅ သောင်း (သို့မဟုတ်) ဒဏ်ငွေဘတ် ၃ သောင်းနှင့် အလုပ်ကြမ်း ၃ လချမှတ်ခံရမည်ဖြစ်ကြောင်း ဧပြီလ ၁၁ ရက်နေ့က ဗဟိုညွှန်ကြားချက်အရ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်အုပ်ချုပ်ရေးရုံးက  အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

    အလားတူ ထိုင်းနိုင်ငံ ကန်ချပူရီခရိုင်အတွင်း စံခလပူရီမြို့နယ် ဘုရားသုံးဆူဒေသသို့ မြန်မာနိုင်ငံသားများအား  ခရီးသွားရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း၊ ပို့ဆောင်ပေးသောမော်တော်ကား ဒရိုင်ဘာများအား ဖမ်းဆီးအရေးယူ၍ တစ်နှစ်ထက်မပိုသောထောင်ဒဏ်(သို့မဟုတ်) ဘတ်တစ်သိန်းထက်မပိုသောငွေဒဏ်(သို့) ထောင်ဒဏ်ရောငွေဒဏ်ပါတစ်ပေါင်းတည်းကျခံရမည်ဖြစ်ကြောင်း ညွှန်ကြားချက်အရ စံခလပူရီမြို့ပိုင်က ဧပြီလ ၁၄ ရက်တွင် အမိန့်ထုတ်ပြန်ထားပြီး အထက်ပါအမိန့်ကို နောက်ထပ်ကြေငြာချက်မထုတ်ပြန်မချင်း အတည်ဖြစ်နေသည်ဟု သိရသည်။

    သို့ရာတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘုရားသုံးဆူနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်ပါကလည်း တရားဝင်ပြန်လည်ဝင်ရောက်ခြင်းဖြစ်စေရေးအတွက် မြဝတီနယ်စပ်ဂိတ်မှသာ ဝင်/ထွက်စေရေး ပူးပေါင်း ကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး၍ ဧပြီလ(၂၁) ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီသို့ အကြောင်းကြားစာပေးပိုခဲ့သည်။

    လက်ရှိတွင် ထိုင်းအစိုးရက အရေးပေါ်အမိန့်ကို မေလ ၃၁ အထိ ရက်ထပ်မံတိုးမြှင့်လိုက်သဖြင့် ညမထွက်ရအမိန့်(ည ၁၀ မှ နံနက် ၄ နာရီအထိ) ဆက်လက်ရှိနေသေးသည့်အတွက် မြန်မာအလုပ်သမားများ နေရပ်ပြန်လာရေးအတွက် အခက်အခဲရှိနေဦးမည်ဖြစ်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက သုံးသပ်ကြသည်။

    မြန်မာနိုင်ငံသို့ ပြန်လိုသည့် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး၏ Website ပေါ်တွင်  တရားဝင်စာရွက်စာတမ်းအထောက်အထားမရှိသူများလည်း စာရင်းပေးသွင်း ထားနိုင်ကြောင်း သတင်းရရှိသည်။

    Photo- မွန်ပြည်သစ်ပါတီ၏ အမိန့်ညွှန်ကြားစာ(Copy)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts