HomeCovid 19မွန်ပြည်နယ်အဝင်လမ်းများတွင် COVID 19 ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေ

မွန်ပြည်နယ်အဝင်လမ်းများတွင် COVID 19 ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေ

-

ရန်လင်းအောင် (မော်လမြိုင်၊ ဧပြီ ၂၇)

မွန်ပြည်နယ်သို့ ဝင်ရောက်လာသည့် အဝင်လမ်းများတွင် ဂိတ်ဖွင့်၍ COVID 19 ရောဂါ တားဆီးကာကွယ်ရေးအတွက် ယမန်နေ့ကစပြီး ကျန်းမာရေးစစ်ဆေးနေသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“အဓိကက ကျန်းမာရေးနဲ့ ဟာတွေကို စိစစ်ပြီးမှ အဝင်ခံတယ် တကယ်လို့ ကျန်းမာရေးနဲ့ စိစစ်လို့ ဖျားတာတို့ တစ်ခုခု တွေ့ရင် ကျန်းမာရေး ညွှန်ကြားမှုအရ Quarantine ၂၁ ရက် HQ ၇ ရက် ပေါင်း ၂၈ ရက် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့သို့ စစ်ဆေးရာ၌ ကျိုက်ထိုမြို့ရှိ စစ်တောင်းတံတား မုပ္ပလင်နှင့် သိမ်ဆိပ် ဂိတ်များတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအပြင် တခြားတိုင်းနှင့် ပြည်နယ်မှ လာရောက်သူများကို ကျန်းမာရေး၊ လဝက၊ ထွေအုပ်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်စသည့် ပူးပေါင်းအဖွဲ့မှ အဆိုင်း နှစ်ဆိုင်းဖြင့် နေ့/ည ၂၄ နာရီ စစ်ဆေးနေသည်ဟု  ၎င်းကဆိုသည်။

ထို့အတူ ဧပြီလကုန်မှစပြီး မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့မှ ဝင်ရောက်လာသူများကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ မော်လမြိုင်မြို့ စက်မှုဇုန်နှင့် သံဖြူဇရပ်မြို့တို့တွင် ဂိတ်စခန်းဖွင့်လှစ်၍ စစ်ဆေးသွားမည် ဖြစ်သည်။

ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ကျန်းမာရေး စိစစ်မှုများ ပြုလုပ်နေတာဖြစ်ပြီး ဝင်ရောက်လာသည့် သူများကိုလည်း မှတ်တမ်းများ ယူထားသည်ဟု ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ပြောသည်။

“ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်တာ၊ လာတဲ့သူတွေကို Record လုပ်ထားပါတယ် ကျိုက်ထိုမြို့နယ်က မွန်ပြည်နယ်ရဲ့ အစဖြစ်သလို ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းသို့သွားမယ့် သူတွေကလည်း ဒီကပဲ လာမှာဖြစ်တဲ့ အတွက် record ယူတာပါ”  ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် Covid 19 ရောဂါပိုးတွေ့ရှိခဲ့သူ Case 27 သူတစ်ဦးသာ တွေ့ရှိထားပြီး လက်ရှိတွင် နှစ်ကြိမ်ထပ်မံ စစ်ဆေးရာမှာ ပိုးမတွေ့ရှိတော့ဘဲ ကျန်းမာရေး ပြန်လာသက်သာလာပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၂၇ ရက်နေ့အထိ ပိုးတွေ့ရှိသူ ၁၄၆ ဦးရှိပြီး ပြန်လည်သက်သာသူ ၁၀ ဦး နှင့် သေဆုံးသူ ၅ ဦး ရှိခဲ့သည်။

Photo- မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု (RFA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts