spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19ဂျပန်နိုင်ငံတွင် သောင်တင်နေသောမြန်မာနိုင်ငံသားများအတွက် လေယာဉ်ခရီးစဉ်စီစဉ်ထား

    ဂျပန်နိုင်ငံတွင် သောင်တင်နေသောမြန်မာနိုင်ငံသားများအတွက် လေယာဉ်ခရီးစဉ်စီစဉ်ထား

    -

    ဗညားပိုင်(ဧပြီ ၂၆)

    ဂျပန်နိုင်ငံ၌ သောင်တင်လျက်ရှိသော မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသို့ပြန် လာနိုင်ရန် လေယာဉ်ခရီးစဉ်စီစဉ်ထားကြောင်း၊ လိုက်ပါလိုသောမြန်မာနိုင်ငံသားအနေဖြင့် ကြိုတင်ဆက်သွယ်နိုင်ကြောင်း ဧပြီလ ၂၅ ရက်နေ့က တိုကျိုမြို့ မြန်မာသံရုံးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအနေဖြင့် မြန်မာသံရုံး၏ အီးမေးလ် metokyo.myanmar@gmail.com သို့ အောက်ပါအချက်အလက်များကို ဧပြီလ၂၈ ရက်နေ့ ၁၂ နာရီ နောက်ဆုံးထားရှိပြီး စောလျင်စွာပေးပို့ကြပါရန်။ အမည် (Passport ပါအမည်/အင်္ဂလိပ်ဘာသာဖြင့်)၊ Passport အမှတ်၊ Passport ထုတ်ပေးသည့်နေ့စွဲ (ရက်/လ/နှစ်)၊ ဂျပန်နိုင်ငံသို့ စတင်ရောက်ရှိသည့်နေ့စွဲ (ရက်/လ/နှစ်)၊ ပြန်လည်ထွက်ခွာမည့်နေ့စွဲ (ရက်/လ/နှစ်)၊ ပြန်လည်ထွက်ခွာလိုသည့်အကြောင်းအရင်း၊ ANA Ticket Reservation အမှတ် (ဥပမာ၊ NH/VGQ5VR….)၊ ယင်းအပြင် Passport ၏ ဓါတ်ပုံပါစာရွက် မိတ္တူ၊ All Nippon Airways လေယာဉ်လက်မှတ်မိတ္တူကိုလည်း ပူးတွဲပေးပို့ပါရန် မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ဂျပန်နိုင်ငံတွင်ပညာသင်ကြားခဲ့သူ မွန်ကျောင်းသား မင်းအော့ဆော့(Min Aop Sop) က “ကျနော်က ၃ လပိုင်းကတည်းက ကျောင်းပြီးပြီဆိုတော့ ပြန်မှာပေါ့နော်၊ ဒီကနေပြန်လို့ရရင် ပြီးပါပြီ၊ ဒီမှာဆက်နေရရင်တော့ စားဖို့ အိမ်ဌားဖို့က အခက်ခဲရှိလာမယ်၊ အလုပ်လည်းနားထားရတယ်၊ အစိုးရ ချပေးတဲ့ ထောက်ပံ့ကြေးတစ်လ ယန်း ၁ သိန်းက တကယ်လို့ ရမယ်ဆိုလည်း ပြေပါတယ်၊ ဒါပေမယ့်  ဒီရောဂါပြီးဆုံးဖို့ အလုပ်လည်း အရင်လို ပုံမှန်ပြန်ဖြစ်ဖို့က ကြာအုံးမယ်ထင်တာပေါ့နော်၊ ဒါကြောင့် အိမ်ပြန်ဖို့ သံရုံးနဲ့အဆက်အသွယ်လုပ်ထားပြီးပါပြီ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    ကမ္ဘာ့နိုင်ငံအသီးသီး၌ Covid-19 ရောဂါကြောင့် ခရီးသွားလာမှု ထိန်းချုပ်ကန့်သတ်ထားသည့်အတွက် ဂျပန်နိုင်ငံတွင် အခက်ခဲများနှင့် သောင်တင်နေကြသော မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှု အကူညီလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ထွက်ခွာမည့် နေ့ရက်ကိုလည်း အသိပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

    “ ဂျပန်မှာက Lockdown တွေမရှိဘူး၊ လူနာအရေအတွက်လည်း တစ်နေ့ထက်တစ်နေ့တိုးလာတယ်၊ အခုလ ၁၅ ရက်နေ့ကတည်းက မြန်မာကိုသွားတဲ့လေကြောင်းလိုင်းတွေပိတ်သွားတာ၊ ဒီကလူတွေမြန်မာပြည်ပြန်လို့မရတော့ဘူး၊ ဒီ ၁၅ ရက်နေ့ဖွင့်မယ့်ဟာ လကုန်ရွှေ့လိုက်တယ်၊ နောက်တော့ နောက်လ ၁၅ ရက်ကိုထပ်ရွှေ့ပြန်တယ်၊ လေယာဉ်လက်မှတ် ၃ ကြိမ် Cancel လုပ်လိုက်ရတယ်” ဟု မင်းအော့ဆော့က ဆိုသည်။ 

    မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့လျှင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စည်းကမ်းချမှတ်ထားသည့် Community-Base Facility Quarantine (CBFQ) ၂၁ ရက်နှင့် Home Quarantine ကာလ (၇)ရက်၊ စုစုပေါင်း (၂၈) ရက်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထပ်မံနှိုးဆော် အသိပေးခဲ့သည်။

    အလားတူ ကိုရီးယား၊ စင်ကာပူ၊ ဘန်ကောက်၊ အိန္ဒိယနိုင်ငံတို့မှ နေရပ်ပြန်ရန်အတွက် အခက်ခဲရှိနေသည့် မြန်မာနိုင်ငံသားများကို မေလအတွင်း ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်များဖြင့် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ပါကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

    Photo- တိုကျိုမြို့ မြန်မာသံရုံးအသိပေးကြေညာချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks