HomeCovid 19Negative အဖြေထွက်ခဲ့သည့် Case 27 ကို တတိယအကြိမ် ထပ်မံစစ်ဆေးရန်ပေးပို့ထား

Negative အဖြေထွက်ခဲ့သည့် Case 27 ကို တတိယအကြိမ် ထပ်မံစစ်ဆေးရန်ပေးပို့ထား

-

ရန်လင်းအောင် (မော်လမြိုင်၊ဧပြီ ၂၃)

မွန်ပြည်နယ်တွင် ပထမဦးဆုံး COVID 19 ရောဂါပိုးတွေ့ရှိခဲ့သည့် Case 27 ကို ဒုတိယအကြိမ် စစ်ဆေးရာတွင် Negative အဖြေထွက်ခဲ့ပြီးနောက် တတိယအကြိမ် ထပ်မံစစ်ဆေးရန် ယနေ့ ဧပြီ ၂၃ တွင် အမျိုးသားဓါတ်ခွဲခန်းသို့ ပေးပို့ထားသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံမှပြန်လာသူ အမျိုးသမီး ဓာတ်ခွဲအတည်ပြုလူနာ Case-27 သည် ထပ်မံဓါတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိ (Negative) တော့သည်ဟု ဧပြီလ (၂၂) ရက်နေ့တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဒေါက်တာထွန်းအောင်ကြည်က “ဒုတိယအကြိမ် အင်္ဂါနေ့က ပို့လိုက်တော့ သူအဖြေက Negative ထွက်သွားပြီပေါ့ Negative ထွက်ပြီး ၃ရက်မြောက်နေ့မှာ သူကို သေချအောင် ပြန်ယူမယ် ဒီနေ့ပို့တဲ့ အထဲမှာ ပါသွားပြီ ဒီအဖြေကို စောင့်ကြည့်ရမှာပေါ့ စောင့်ကြည့်ပြီး ၂ ကြိမ်  Negative ဆိုရင် ကောင်းသွားပြီပေါ့နော်” ဟု ဆိုသည်။

ယင်းအပြင် ပိုးတွေ့ ဓါတ်ခွဲ အတည်ပြုလူနာ Case 27 နှင့် ဆက်စပ်ခဲ့သည့် ၁၅  ဦးကိုလည်း ပထမအကြိမ် စစ်ဆေးရာတွင် ပိုးမတွေ့ရှိခဲ့သော်လည်း ဒုတိယအကြိမ် ထပ်မံစစ်ဆေးရန် ပေးပိုးထားသည်ဟု ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

“ကျိုက်မရောက လူနာက ကျွန်တော်တို့ ကောင်းသွားပြီဆိုပေမဲ့ ဆေးရုံမှာတော့ ထပ်ထားအုံးမှာပါ မပေးဆင်းသေးဘူး တစ်ပတ် ၁၀ ရက် ထပ်ထားအုံးမှာပေါ့  သူနဲ့ ဆက်စပ်တဲ့ သူတွေကိုလည်း နောက်တစ်ကြိမ် ထပ်မံစစ်ဆေးအုံးမှာပေါ့” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် ဧပြီလ ၂၃ ရက်နေ့အထိ PUI နှင့် Hospital Quarantine ၄၄ ဦး ရှိနေပြီး PUI,HQနှင့် CBFQမှ  တခြားရောဂါများဖြင့် သေဆုံးသူ ၁၉ ဦး ရှိနေဟု ပြည်နယ်ကျန်းမာရေး ဦးစီးဌာနရုံးမှသိရသည်။

Photo- Case 27 ရောဂါပိုးမတွေ့ရှိကြောင်း သတင်းထုတ်ပြန်ချက်(Copy)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts