HomeCovid 19မွန်ညီညွှတ်ရေးပါတီက ပညာပေးစာစောင်များ၊ Mask များနှင့် ရေသန့်များကို စောင့်ကြည့်ရေးစခန်းများသို့ သွားရောက်လှူဒါန်း

မွန်ညီညွှတ်ရေးပါတီက ပညာပေးစာစောင်များ၊ Mask များနှင့် ရေသန့်များကို စောင့်ကြည့်ရေးစခန်းများသို့ သွားရောက်လှူဒါန်း

-

အဂ္ဂနွန် (ဧပြီ ၅)

မွန်ပြည်နယ်အတွင်း Covid-19 ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ Mask များနှင့် သောက်ရေသန့်များကို Quarantine စောင့်ကြည့်ရေးစခန်းများသို့ မွန်ညီညွှတ်ရေးပါတီက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီးတော့ လက်ကမ်းစာစောင်တွေ လိုက်ဝေတာ Quarantine လုပ်နေရတဲ့ သူတွေကို Mask တွေ ဝေတယ်၊ ဒီရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေစုဆောင်းပြီး ရပ်ရွာပြည်သူတွေကို သတင်းပေး အသိပညာပေးတာ လုပ်ဆောင်နေပါတယ်”ဟု မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်လယိတမက ဆိုသည်။

ထို့အပြင် ပြည်တော်ပြန်လုပ်သားများ ၁၄ ရက်တာ Quarantine လုပ်ဆောင်နေရသည့်စခန်းများတွင်လည်း Mask နှင့် ရေသန့်များ လိုက်လံဝေငှပေးခဲ့ကြောင်း၊ ကူးစက်လွယ် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးလျက်ရှိကြောင်း၊ မတ်လ ၄ ရက်နေ့မှ စတင်ပြီး မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့်မြို့နယ်များ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မှာ အလှူရှင်တွေလှူထားတဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေလည်းရှိတယ်၊ ကျွန်တော်တို့ ကော်မတီအဖွဲ့တွေနဲ့ ဆွေးနွေးပြီး ဖြန့်ဝေသွားဖို့ရှိပါတယ်” နိုင်လယိတမက ဆက်ပြောသည်။

ရောဂါကာကွယ်ကုသရေးအတွက် တစ်ကိုယ်ရေကာကွယ်ရေး (Personal Protect Equipment-PPE) ဝတ်စုံများ၊ လက်အိတ်များ၊ ပိုးသတ်ဆေးများ စသည့် ကာကွယ်ရေးဝတ်စုံများကို သက်ဆိုင်ရာ ဆေးရုံဆေးခန်းများသို့ လှူဒါန်းသွားရန်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးမှ ဧပြီ ၅ ရက်နေ့ နေ့လယ်အထိ COVID-19 ရောဂါကြောင့် တစ်ဦးသေ၊ ပိုးတွေ့ရှိသူ ၂၁ ဦးရှိပြီး စောင့်ကြည့်လူနာ ၇၄၆ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

Photo- မွန်ညီညွတ်ရေးပါတီမှ ရေသန့်များလှူဒါန်း(MUP)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts