spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းဆေးရုံ၌သေဆုံးသွားသည့် စောင့်ကြည့်လူနာ Covid-19 ဟုတ်မဟုတ် စစ်ဆေးနေဆဲ

    ဆေးရုံ၌သေဆုံးသွားသည့် စောင့်ကြည့်လူနာ Covid-19 ဟုတ်မဟုတ် စစ်ဆေးနေဆဲ

    -

    အဂ္ဂနွန်(မော်လမြိုင်၊ မတ် ၃၀)

    မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် သေဆုံးသွားသည့် အသက် ၆၇ နှစ်အရွယ် စောင့်ကြည့်လူနာအမျိုးသမီးကြီးတစ်ဦးသည် Covid -19 ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

    ချောင်းဆုံမြို့နယ်၊ မူရစ်ကြီးကျေးရွာနေ အဆိုပါအမျိုးသမီးကြီးသည် မတ် ၂၈ ရက်နေ့က ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူနေစဉ် မတ် ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က သေဆုံးသွားကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

     “Covid နဲ့ပတ်သက်ပြီး လက္ခဏာမရှိဘူး၊ မဲဆောက်ကို နှစ်ရက်သွားလိုက်တာပဲရှိတယ် အာ့ကြောင့်မို့သူက Covid အခန်းထဲကို ရောက်သွားတယ်၊ သွေးတိုး ဆီးချိုရောဂါ အကုန်ရှိတယ်၊ နောက် အဆုတ်ပွ အဆုတ်ကြပ်၊ အကုန်ရှိတယ်၊ ချောင်းဆိုးတယ်ပေါ့ အဲ့ဒါနဲ့ ဆေးရုံတက်လာတယ်”ဟု ဒေါက်တာဝတ်မှုံက ပြောသည်။

    အဆိုပါ သေဆုံးသည့် လူနာသည် ထိုင်းငံနိုင်ငံ မဲဆောက်မြို့တွင် ဆေးကုသမှုခံယူခဲ့ပြီး မြဝတီမြို့မှတဆင့် မတ်လ ၁၆ ရက်နေ့က မူးရစ်ကြီးရွာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

    “မဲဆောက်မှာနေတာ ၂၄ နာရီပဲရှိတယ်၊ သူက ဆေးသွားကုတာ သူက နဂိုလ်ရောဂါတွေက အကုန်ရှိပြီးသား အဖျားရှိတယ်၊ ချောင်းဆိုးတယ်”ဟု ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ဆက်ပြောသည်။

    အဆိုပါသေဆုံးသွားသည့် စောင့်ကြည့်လူနာနှင့်ပတ်သက်၍ Covid -19 ရောဂါ ဟုတ်မဟုတ် ရန်ကုန်အမျိုးသားကျန်းမာရေးဌာနသို့ ဓာတ်ခွဲစစ်ဆေးရန် ဆေးစစ်ချက်များပေးပို့ထားကြောင်း ၎င်းက ပြောသည်။

    အလားတူ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ Hospital Quarantine ထားရှိစဉ်  (၄) လသားကိုယ်ဝန်လွယ်ထားရသူ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည်လည်း မတ်လ ၂၉ ရက်နေ့ နံနက်စောစောပိုင်းတွင် သတိလစ်မေ့မျောသေဆုံးသွားကြောင်း ဆေးစစ်မှတ်တမ်းများအရ သိရသည်။

    အဆိုပါအမျိုးသမီးသည် ထိုင်းနိူင်ငံ မဟာချိုင်ဒေသ၌ အလုပ်လုပ်ကိုင်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော Covid-19 ကူစက်ရောဂါ အခြေနေကြောင့် မတ်လ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်သို့ မြဝတီလမ်းကြောင်းမှ ဝင်ရောက်လာကြောင်း၊ ထိုနောက် ၄ ရက်ကြာခန့်ချောင်းဆိုးသဖြင့် မတ်လ ၂၈ ရက် ညပိုင်းတွင် ကျိုက်ထိုဆေးရုံသို့လာရောက်ပြသခဲ့ပြီး COVID. 19 ရောဂါအတွက် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ထားစဉ်  အတက်ရောဂါ၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်းနှင့်သတိမေ့ခြင်းများကိုစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

    Covid-19 ရောဂါဟုတ်မဟုတ်၊ မည်သည့်ရောဂါဖြင့်သေဆုံးကြောင်း အတည်ပြုချက်ရရှိနိူင်ရန် ရန်ုကုန်မြို့ ရန်ကုန်အမျိုးသားကျန်းမာရေးဌာနသို့ ဓာတ်ခွဲစစ်ဆေးရန် လိုအပ်သည့်အချက်အလက်များ ပေးပို့ထားကြောင်းသိရှိရသည်။

    မွန်ပြည်နယ်တွင် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ COVID-19 သံသယစောင့်ကြည့်လူနာ ၃ ဦးနှင့်  Hospital Quarantine စောင့်ကြည့်လူနာ ၄၂ ဦးရှိကြောင်း သတင်းရရှိသည်။

    ထို့အတူ မြန်မာနိုင်ငံတဝန်း၌ Covid-19 ရောဂါပိုး မတွေ့ရှိရသော်လည်း အခြားရောဂါများဖြင့် သေဆုံးသူ ရှစ်ဦးတွင် နာတာရှည်ဆီးချိုရောဂါနှင့် နှလုံးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများဖြင့် သေဆုံးသူနှစ်ဦး၊ တီဘီရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါဖြင့် သေဆုံးသူ တစ်ဦး၊ နာတာရှည်ကျောက်ကပ်ရောဂါဖြင့် သေဆုံးသူတစ်ဦး၊ နာတာရှည်အဆုတ်ပွရောဂါဖြင့် သေဆုံးသူတစ်ဦး၊ ဗက်တီးရီးယားပိုးကြောင့် သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြင့် သေဆုံးသူနှစ်ဦးနှင့် လတ်တလောအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း သတင်းရရှိသည်။

    Photo- မော်လမြိုင်ဆေးရုံကြီး(Moe Min Zaw)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts