Homeသတင်းထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်နှင့် မြန်မာနယ်စပ်တလျှောက်တွင် မတ် ၂၁ ရက်နေ့မှစတင်၍ ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားမည်

ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်နှင့် မြန်မာနယ်စပ်တလျှောက်တွင် မတ် ၂၁ ရက်နေ့မှစတင်၍ ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားမည်

-

မွန်သတင်းအေဂျင်စီ (မတ် ၂၀)

ထိုင်းနိုင်ငံ၏ Covid-19 အရေးပေါ်အစီအစဉ်အရ ကန်ချနပူရီပြည်နယ်နှင့် ဆက်သွယ်လျက်ရှိသော မြန်မာနယ်စပ်တလျှောက်လမ်းကြောင်းများကို မတ် ၂၁ ရက်နေ့မှစတင်၍ ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

လူနာအရေအတွက်လျင်မြန်စွာကူးစက်တတ်သော အန္တရာယ်ရှိရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရန်အတွက် ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူး Jirakiat Phumisawat က ယနေ့နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူး အမိန့်စာ(Copy)

Mueang Kanchanaburi ခရိုင်၊ Ban Phu Nam Ron၊ Ban Kao ခရိုင်၊ ထီးခီးစစ်ဆေးရေးဂိတ်၊ ထားဝယ်ဘက်အခြမ်းနှင့် စံခလပူရီ Sangkhla Buri ခရိုင်၊ Nong Lu ခရိုင်၊ ကယ်ဆယ်ရေးစခန်းများ၊ ဘုရားသုံးဆူရွာ Ban Phra Chedi Sam Ong၊ ဘုရာသုံးဆူဘက်အခြမ်းသို့ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိသည်အထိ ထိုင်းနိုင်ငံသားများ ခရီးသွားလာခွင့်ကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမိန့်ကြေငြာစာတွင် ရှင်းလင်းဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် ၅၀ ဦး ယနေ့တွင် ထပ်မံတိုးလာသည့်အတွက် စုစုပေါင်း လူနာ ၃၂၂ ဦး ဆေးဝါးကုသခံနေရဆဲဖြစ်သည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် အပူချိန်တိုင်းတာနေစဉ်(Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts